Friday, June 12, 2020

ဖိလစ်ပိုင်နိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားသင်္ဘောသား အမှုထမ်း (၁၂၉) ဦးနှင့် မြန်မာနိုင်ငံသား(၂၀) ဦးတို့အား မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေး

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာဆိပ်ကမ်း(Manila Bay) တွင် ကျောက်ချရပ်နားထားခဲ့သော Carnival Cruises , Ltd (CCL) ကုမ္ပဏီပိုင် အပျော်စီးသင်္ဘောလိုင်း၏ သင်္ဘောများ(Carnival Panorama, Carnival Spirit, Carnival Splendor) မှ မြန်မာသင်္ဘောသားအမှုထမ်း (၁၂၉) ဦးနှင့် ဖိလစ်ပိုင်နိုင်ငံသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်ရန် အမှန်တကယ်အခက်အခဲဖြစ်နေသည့် မြန်မာနိုင်ငံသား (၂၀) ဦး စုစုပေါင်း (၁၄၉) ဦးတို့သည် ( Royal Carnival Cruise , Ltd (RCCL) နှင့် မြန်မာသံရုံး၊ မနီလာမြို့တို့ ပူးပေါင်းစီစဉ်သည့် Relief Flight Air Asia Philippines အထူးလေယာဉ်၊ ခရီးစဉ်အမှတ် Z2 800 ဖြင့် ၁၂-၆-၂၀၂၀ ရက်၊ မွန်းလွဲ ၁၆၀၀ နာရီအချိန်တွင် မနီလာမြို့ NAIA အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထွက်ခွာခဲ့ပြီး၊ အဆိုပါခရီးစဉ်တွင် လိုက်ပါမည့် မြန်မာနိုင်ငံသားများ အဆင်ပြေချောမောစွာထွက်ခွာနိုင်ရေးအတွက် မြန်မာသံရုံး၊ မနီလာမြို့ရှိ သံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများမှ လိုအပ်သည်များအား ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန

0 comments:

Post a Comment