
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ Baghjan ရေနံတွင်းပေါက်ကွဲမှုမှ လူပေါင်း ၇၀၀၀ နီးပါးကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ အာဏာပိုင်တွေက ကြာသပတေးနေ့ ( ဇွန်လ ၁၁ ရက်) နေ့မှာ ပြောကြားခဲ့ပါတယ်။
အဆိုပါ ရေနံတွင်း ပေါက်ကွဲမှုဟာ အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်မှာ ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့က စတင်ဓာတ်ငွေ့ယိုစိမ့်မှု ဖြစ်ပွားခဲ့ပြီး သီတင်း၂ ပတ်အကြာမှာ ပေါက်ကွဲခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။
ကုမ္ပဏီ အာဏာပိုင်တွေရဲ့ ပြောကြားချက်အရ ဒေသခံပြည်သူ ၂၅၀၀ ဦးကို အစောပိုင်းက ကယ်ထုတ်နိုင်ခဲ့ပြီး ပေါက်ကွဲမှု အနီးတဝိုက်မှာ နေထိုင်တဲ့ လူပေါင်း ၇၀၀၀ နီးပါးကိုတော့ အခုအချိန်မှာ ကယ်ထုတ်ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့ကတော့ Baghjan ရေနံမြေမှာ မီးလောင်နေဆဲ၊ မီးခိုးတွေ ကောင်းကင်ကို မှုတ်ထုတ်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
Baghjan ရေနံမြေဟာ မျိုးတုန်းပျောက်ကွယ်သွားနိုင်တဲ့ မျိုးစိတ်တွေဖြစ်တဲ့ ကျား၊ လင်းပိုင်၊ ဆင်စတဲ့ တိရိစ္ဆာန်များရှိရာ Dibru Saikhowa အမျိုး သားဥယျာဉ်နဲ့ ကပ်လျက်တည်ရှိတာကြောင့် ရေနံမြေ မီးလောင်ပေါက်ကွဲတဲ့အခါ Dibru မြစ်ထဲက ငါးတွေအမြောက်အမြားသေဆုံးခဲ့ပါတယ်။ ဒီမီးလောင်ပေါက်ကွဲမှုမှာ မီးသတ်သမား ၂ ဦးအပါအဝင် အာသံဒေသ လက်ရွေးစင် ဘောလုံးကစားသမား Durlov Gogoi လည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဓာတ်ငွေ့ယိုစိမ့်မှုဟာ တစ်လနီးပါးကြာနိုင်ကြောင်း အိန္ဒိယရေနံအဖွဲ့က သတိပေးခဲ့ပြီး Press Trust of India (PTI)က မီးလောင်မှုကို ဖြေရှင်းဖို့ စင်ကာပူ၊ အမေရိကန်နဲ့ ကနေဒါမှ ကျွမ်းကျင်သူတွေကို အကူအညီခေါ်ထားတယ်လို့ သိရပါတယ်။


Ref ; AKon Thi






0 comments:
Post a Comment