
အမေရိကန် တပ်မတော်တွင် ကြည်း၊ ရေ၊ လေ၊ မရိန်း၊ ကမ်းခြေစောင့်ဟု ၅ပိုင်းခွဲခြားထားရာမှ ဒီဇင်ဘာ ၂၀ ၂၀၁၉ တွင် သမ္မတ ဒေါ်နယ်ထရမ့် အမိန့်နှင့် အာကာသတပ်ဖွဲ့(United States Space Force - USSF) အား စတင်ဖွဲ့စည်းခဲ့သည်။
ယခင်က အာကာသတပ်ဖွဲ့သည် လေတပ်၏ လက်အောက်ခံဌာန အဖြစ်ရှိနေခဲ့ရာမှ တရုတ်နှင့် စီးပွားရေး စစ်ပွဲ(Trade war)စတင်ပြီး တရုတ်တို့၏ တိုးတက်လာသော အာကာသနည်းပညာ ကို အံတုဖို့အတွက် ဒီ တပ်ဖွဲ့ကို ဖွဲ့စည်းခြင်း ဖြစ်သည်ဟု ယူဆသည်။
ဌာနချုပ်ကို Vandenberg Air Force Base၊ California တွင် အခြေစိုက်ပြီး လက်အောက်ခံအဖြစ် လေတပ်တပ်ရင်း (၆) တပ်၊ လေတပ်အထူးစစ်ဆင်ရေးဗဟိုဌာန၊ အာကာသနှင့် ပဲ့ထိန်းဒုံးဆိုင်ရာ ဗဟိုဌာန တို့ ဖြင့် ဖွဲ့စည်းထားသည်။ လေတပ်မှ အရာရှိ စစ်သည် ၈၆၀၀ ခန့်တာဝန်ထမ်းဆောင်ရန် ဆန္ဒပြုထားပြီး တပ်သားသစ်များကိုလည်း ဆက်လက်စုဆောင်းလျက်ရှိသည်။
လက်ရှိ ၂၀၂၀ ခုနှစ် ဘတ်ဂျက် အသုံးပြုမှုမှာ ဒေါ်လာ သန်း ၄၀ ခန့်သာရှိသော်လည်း လာမည့် ၂၀၂၁ ဘက်ဂျက်ကာလတွင် ပြပြင်ထိန်းသိမ်းရေးအတွက် ဒေါ်လာ၂ဘီလျံကျော်၊ ပစ္စည်းဝယ်ယူရေးနှင့်ဖြည့်တင်းရေးအတွက် ဒေါ်လာ ၂ဘီလျံကျော်၊ သုတေသန ဖွံဖြိုးရေး စမ်းသပ်ရေး အတွက် ဒေါ်လာ ၁၀ဘီလျံကျော် စုစုပေါင်း ၁၄ဘီလျံကျော် တောင်းခံရန် လျာထားသတ်မှတ်ထားသည်။ နောက်ဆုံးမှ ဖွဲ့စည်းထားသော တပ်ဖွဲ့ဖြစ်သော်လည်း နောင်အနာဂတ်စစ်ပွဲများကို မျှော်မှန်းပြီး စနစ်တကျ သေချာစွာ စုစည်းတည်ဆောက်လျက်ရှိသည်။
အာကာသတပ်ဖွဲ့ဆိုင်ရာ စစ်ဦးစီးချုပ်မှာ Gen. John W. Jay Raymond ဖြစ်သည်။
အမေရိကန်လေတပ် အကယ်ဒမီကျောင်း ၂၀၂၀ သင်တန်း တွင် လေတပ် ဗိုလ်လောင်း ၁၀၅၃ ယောက် တက်ရောက်ခဲ့ပြီး ၎င်းတို့ထဲမှ ၈၆ ယောက်မှာ အာကာသတပ်ဖဲ့ွ့အရာရှိအဖြစ် ပထမဦးဆုံးအကြိမ် ပြန်တမ်းဝင် ခန့်အပ်နိုင်ခဲ့သည်။ သာမာန်လေတပ်အရာရှိလောင်းမှာ အဝါခါးစည်းကြိုး ဖြစ်ပြီး အာကာသတပ်ဖွဲ့အရာရှိလောင်းမှာ ငွေရောင် ခါးစည်းကြိုး အဖြစ်ပြောင်းလဲ သတ်မှတ်ခဲ့သည်။







Crd : Up To Date #Myanmar_Online_News






0 comments:
Post a Comment