Friday, June 12, 2020

အိန္ဒိယနိုင်ငံ ပြည်တော်ပြန်ထဲမှ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁) ဦးထပ်မံတွေ့ရှိခဲ့‌သော COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ နံနက်(၈:၀၀)နာရီအချိန် သတင်းထုတ်ပြန်ခြင်း

၁။ (၁၁-၆-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ဓာတ်ခွဲနမူနာ (၆၅၃) ခု၊
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်) မှ ဓာတ်ခွဲနမူနာ (၉၈) ခုနှင့်
- ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး၊ ခုတင် (၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၁၄၈) ခု၊
- စုစုပေါင်း ဓာတ်ခွဲနမူနာ (၈၉၉) ခုအား ယနေ့၊ နံနက် အစောပိုင်းတွင် စစ်ဆေးပြီးစီးခဲ့ရာ -
• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁) ဦး တွေ့ရှိပါသည်။
၂။ (၁၂-၆-၂၀၂၀)ရက်နေ့၊ နံနက်(၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၂၆၁)ဦး ရှိပြီဖြစ်ပါသည်။
၃။ (၁၁-၆-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်မှုများတွင် -
- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) မှ ဓာတ်ခွဲနမူနာ (၁,၃၀၅) ခု၊
- ဆေးသုတေသနဦးစီးဌာနမှ ဓာတ်ခွဲနမူနာ (၁၉၃) ခု၊
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး) မှ ဓာတ်ခွဲနမူနာ (၃၅၈) ခု၊
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်) မှ ဓာတ်ခွဲနမူနာ (၁၉၂) ခုနှင့်
- ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး၊ ခုတင် (၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၁၄၈) ခု၊
- စုစုပေါင်း (၂,၁၉၆) ခုအား စစ်ဆေးခဲ့ပါသည်။
Source : Ministry_of_Health_and_Sports,Myanmar #Myanmar_Online_News

0 comments:

Post a Comment