Friday, June 12, 2020

ရုံးလုပ်ငန်းအမှားအယွင်းကြောင့် ထုတ်ပယ်ခံရဟု ရဲထောက်ချုပ်ဟောင်းဆို

ရုံးလုပ်ငန်းအမှားအယွင်းကြောင့် ရဲတပ်ဖွဲ့က ထုတ်ပယ်ခံရတာ ဖြစ်တယ်လို့ ကာယကံရှင် ရဲထောက်ချုပ်ဟောင်း ဦးဇော်ခင်အောင်က One News ကို အတည်ပြု ပြောပါတယ်။
"ရဲတရားရုံးကနေ ဆောင်ရွက်လိုက်တာပေါ့။ ရုံးလုပ်ငန်းအမှားအယွင်း မှားသွားလို့ လူကြီးတွေက အရေးယူတဲ့ သဘောပါ။ အဓိကက ရုံးလုပ်ငန်းအမှားကြောင့်မို့။ အောက်က တပည့်တွေရဲ့ ရုံးလုပ်ငန်းအမှားအယွင်းပေါ်မှာ တာဝန်ရှိတာပေါ့ " လို့ ဆိုပါတယ်။ ရဲထောက်ချုပ်ဟောင်းကို ဦးဇော်ခင်အောင်ကို ရဲတရားရုံးမှာ စစ်ဆေးပြီးနောက် ပြည်ထဲရေးဝန်ကြီး အမိန့်နဲ့ ထုတ်ပယ်လိုက်တာ ဖြစ်ပါတယ်။
အထက်လူကြီးရဲ့ ဆုံးဖြတ်ချက်အပေါ် ဘာမှကန့်ကွက်စရာ မရှိဘူးလို့လည်း ဦးဇော်ခင်အောင်က ဆိုပါတယ်။
ရဲထောက်ချုပ်ဟောင်း ဦးဇော်ခင်အောင်ဟာ အမြန်လမ်းမကြီးရဲတပ်ဖွဲ့၊နေပြည်တော်၊ကချင်ပြည်နယ်နဲ့ ရှမ်းပြည် နယ်တို့မှာ တပ်ဖွဲ့မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ရထားရဲတပ်ဖွဲ့မှူးကို ရဲတရားရုံးက စစ်ဆေးပြီးနောက် ရဲတပ်ဖွဲ့ကထုတ်ပယ်ပြီး ထောင်ဒဏ်တစ်နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ပါသေးတယ်။
Ref ; One News Myanmar

0 comments:

Post a Comment