
ပညာရေးဝန်ကြီးဌာန၊အခြေခံပညာ ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ပညာသင်နှစ် စတုတ္ထတန်း (Grade-4) သင်ရိုးသစ်မြို့နယ်အဆင့်သင်တန်းဆွေးနွေးပွဲအတွက် နည်းပြအဖြစ်ဆောင်ရွက်ရန် (Online Training)ကို ဗဟိုအဆင့်မှ သင်တန်းပို့ချမှုကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် အုပ်စု (၄) စုခွဲ၍ ဇွန်လ (၁၂) ရက်နှင့် (၁၃) ရက်နေ့တွင် (၂)ရက်တာ သင်တန်းပို့ချလျက်ရှိပါသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း (၂၈)မြို့နယ်ရှိ Training Center ပေါင်း (၂၈)ခုတွင် သင်တန်းသား/ သူပေါင်း (၂၃၉၂) ဦးတက်ရောက်လျက်ရှိေကြာင်း သိရပါသည်။

Source - MRTV






0 comments:
Post a Comment