Monday, June 1, 2020

ဂျပန်နိုင်ငံသည် အချို့နိုင်ငံခြားသားများအတွက် ဝင်ရောက်ခွင့် ပြန်လည်ဖွင့်ပေး ရန်စဉ်းစားလျှက်ရှိ

ဂျပန်နိုင်ငံသည် COVID -19 ရောဂါကူးစက်ခံရမှု အနည်းဆုံးဖြစ်နေသည့်ဟု သတ်မှတ်ထားသော နိုင်ငံများမှခရီးသွားများအတွက် နယ်စပ်များပြန်လည်ဖွင့်ပေးရန် စဉ်းစားနေကြပါသည်။ ယခုနှစ်အစောပိုင်းတွင် ဖြစ်ပွားခဲ့သောရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ရန်အတွက် ကန့်သတ်ချက်အချို့ကို ဖြေလျော့မှုများစတင်ခဲ့ပါသည်။
ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကျောင်းများ၊ ရုပ်ရှင်ရုံများ၊ အားကစားကလပ်များ၊ စတိုးဆိုင်များကို ဇွန်လ ၁ရက်နေ့တွင် ပြန်လည်ဖွင့်ပေးခဲ့ပြီး လာမည့်လတွင် ထိုင်းနိုင်ငံ၊ ဗီယက်နမ်၊ ဩစတျေးလျနိုင်ငံနှင့် နယူးဇီလန်နိုင်ငံများမှ ခရီးသွားများကို ဝင်ခွင့်ပြုရန်အတွက် အစိုးရမှအစီအစဉ်ဆွဲနေကြောင်း ထုတ်ပြန်ကြေညာထားပါသည်။ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ချက်ချင်းတုံ့ပြန်ဖြေကြားခြင်းမရှိပါ။
ဂျပန်နိုင်ငံတွင် ဇွန်လ ၁ ရက်နေ့အစောပိုင်းတွင် ရောဂါကူးစက်ခံရမှု စုစုပေါင်း ၁၇,၀၀၀ ရှိပြီး သေဆုံးမှုပေါင်း ၉၀၀ ရှိကြောင်း အတည်ပြုထုတ်ပြန်ထားပါသည်။
လွန်ခဲ့သော ဖေဖော်ဝါရီလတွင် ဂျပန်နိုင်ငံသည် ပြည်ပခရီးသွားများထံမှ ရောဂါကူးစက်မှုကို ထိန်းချုပ်ကန့်သတ်ရန်အတွက် နိုင်ငံတွင်းသို့ နိုင်ငံခြားသားများ ဝင်ရောက်ခွင့်ကို တာမြစ်ခဲ့ပါသည်။
အစိုးရသည် အဆိုပါနိုင်ငံ ၄ နိုင်ငံမှ စီးပွားရေးသမားများအား ၎င်းတို့၏နိုင်ငံမှဆေးစစ်မှုပြုလုပ်ပြီး ထွက်ခွာလာကာ ဂျပန်နိုင်ငံသို့ရောက်ရှိသည့်အခါ သီးခြားစစ်ဆေးမည်ဖြစ်ပြီး စမ်းသပ်စစ်ဆေးမှုနှစ်ခုလုံးတွင် ရောဂါပိုးမတွေ့မှသာ ဝင်ခွင့်ပြုမည်ဖြစ်ကြောင်း ထည့်သွင်းစဉ်းစားနေကြပါသည်။
နိုင်ငံအတွင်းသို့ဝင်ခွင့်ပြုပြီးသည်နှင့် ကုမ္ပဏီများနှင့် စက်ရုံများတည်ခိုသည့် နေ ရာများအပါအဝင် ခရီးသွားများ၏ လှုပ်ရှားမှုများကိုကန့်သတ်စောင့်ကြည့်သွားမည် ဖြစ်ကြောင်း သတင်းစာတွင်ဖော်ပြထားပါသည်။
ဂျပန်နိုင်ငံ၊ ထိုင်း၊ ဗီယက်နမ်၊ ဩစတြေးလျနှင့် နယူဇီလန်နိုင်ငံနိုင်ငံတိုသည် Trans- Pacific Partnership (TPP-11) အဖွဲ့ဝင်နိုင်ငံများဖြစ်ပြီး ၎င်းတို့သည် ဂျပန် နိုင်ငံနှင့် စီးပွားရေးအရ ခိုင်မာသောဆက်ဆံရေးများရှိကြပါသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ ထုတ်ပြန်ချက်အရ အရှေိတောင်အာရှတွင် COVID -19 ကူးစက်ရောဂါကူးစက်ခံရမှုမှာ ၄.၄ ရာခိုင်နှုန်းရှိပြီး အမေရိက သို့မဟုတ် ဉရောပတို့ထက် နည်းကြောင်းသိရှိရပါသည်။
>>zawgyi<<
ဂျပန်နိုင်ငံသည် အချို့နိုင်ငံခြားသားများအတွက် ဝင်ရောက်ခွင့် ပြန်လည်ဖွင့်ပေး ရန်စဉ်းစားလျှက်ရှိ
Monday, June 1, 2020
ဂျပန်နိုင်ငံသည် COVID -19 ရောဂါကူးစက်ခံရမှု အနည်းဆုံးဖြစ်နေသည့်ဟု သတ်မှတ်ထားသော နိုင်ငံများမှခရီးသွားများအတွက် နယ်စပ်များပြန်လည်ဖွင့်ပေးရန် စဉ်းစားနေကြပါသည်။ ယခုနှစ်အစောပိုင်းတွင် ဖြစ်ပွားခဲ့သောရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ရန်အတွက် ကန့်သတ်ချက်အချို့ကို ဖြေလျော့မှုများစတင်ခဲ့ပါသည်။
ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကျောင်းများ၊ ရုပ်ရှင်ရုံများ၊ အားကစားကလပ်များ၊ စတိုးဆိုင်များကို ဇွန်လ ၁ရက်နေ့တွင် ပြန်လည်ဖွင့်ပေးခဲ့ပြီး လာမည့်လတွင် ထိုင်းနိုင်ငံ၊ ဗီယက်နမ်၊ ဩစတျေးလျနိုင်ငံနှင့် နယူးဇီလန်နိုင်ငံများမှ ခရီးသွားများကို ဝင်ခွင့်ပြုရန်အတွက် အစိုးရမှအစီအစဉ်ဆွဲနေကြောင်း ထုတ်ပြန်ကြေညာထားပါ သည်။ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ချက်ချင်းတုံ့ပြန်ဖြေကြားခြင်းမရှိပါ။
ဂျပန်နိုင်ငံတွင် ဇွန်လ ၁ ရက်နေ့အစောပိုင်းတွင် ရောဂါကူးစက်ခံရမှု စုစုပေါင်း ၁၇,၀၀၀ ရှိပြီး သေဆုံးမှုပေါင်း ၉၀၀ ရှိကြောင်း အတည်ပြုထုတ်ပြန်ထားပါသည်။
လွန်ခဲ့သော ဖေဖော်ဝါရီလတွင် ဂျပန်နိုင်ငံသည် ပြည်ပခရီးသွားများထံမှ ရောဂါကူးစက်မှုကို ထိန်းချုပ်ကန့်သတ်ရန်အတွက် နိုင်ငံတွင်းသို့ နိုင်ငံခြားသားများ ဝင်ရောက်ခွင့်ကို တာမြစ်ခဲ့ပါသည်။
အစိုးရသည် အဆိုပါနိုင်ငံ ၄ နိုင်ငံမှ စီးပွားရေးသမားများအား ၎င်းတို့၏နိုင်ငံမှဆေးစစ်မှုပြုလုပ်ပြီး ထွက်ခွာလာကာ ဂျပန်နိုင်ငံသို့ရောက်ရှိသည့်အခါ သီးခြားစစ်ဆေးမည်ဖြစ်ပြီး စမ်းသပ်စစ်ဆေးမှုနှစ်ခုလုံးတွင် ရောဂါပိုးမတွေ့မှသာ ဝင်ခွင့်ပြုမည်ဖြစ်ကြောင်း ထည့်သွင်းစဉ်းစားနေကြပါသည်။
နိုင်ငံအတွင်းသို့ဝင်ခွင့်ပြုပြီးသည်နှင့် ကုမ္ပဏီများနှင့် စက်ရုံများတည်ခိုသည့် နေ ရာများအပါအဝင် ခရီးသွားများ၏ လှုပ်ရှားမှုများကိုကန့်သတ်စောင့်ကြည့်သွားမည် ဖြစ်ကြောင်း သတင်းစာတွင်ဖော်ပြထားပါသည်။
ဂျပန်နိုင်ငံ၊ ထိုင်း၊ ဗီယက်နမ်၊ ဩစတြေးလျနှင့် နယူဇီလန်နိုင်ငံနိုင်ငံတိုသည် Trans- Pacific Partnership (TPP-11) အဖွဲ့ဝင်နိုင်ငံများဖြစ်ပြီး ၎င်းတို့သည် ဂျပန် နိုင်ငံနှင့် စီးပွားရေးအရ ခိုင်မာသောဆက်ဆံရေးများရှိကြပါသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ ထုတ်ပြန်ချက်အရ အရှေိတောင်အာရှတွင် COVID -19 ကူးစက်ရောဂါကူးစက်ခံရမှုမှာ ၄.၄ ရာခိုင်နှုန်းရှိပြီး အမေရိက သို့မဟုတ် ဉရောပတို့ထက် နည်းကြောင်းသိရှိရပါသည်။

0 comments:

Post a Comment