Monday, June 1, 2020

ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအား ချက်ချင်းစိစစ်ဖြတ်တောက်

ကြံ့ခိုင်ရေးနှင့်တပ်ကိုယ်စားလှယ်များတင်ထားသည့် ပြည်သူ့လွှတ်တော်ဥက္ကဌဦးတီခွန်မြတ်အားတာဝန်မှ ရုပ်သိမ်းရန်အဆိုနှင့် ပတ်သက်ပြီး ကိုယ်စားလှယ်များဆွေးနွေးမှု အပေါ် ပြည်သူ့လွှတ်တော်ဒုဥက္ကဌဦးထွန်းထွန်းဟိန်က လွှတ်တော်မှတ်တမ်းမှနေ၍ ချက်ချင်းစိစစ်ဖြတ်တောက်၊ ပယ်ဖျက်ခြင်းများပြုလုပ်ခဲ့ကြောင်းတွေ့ရသည်။
ယနေ့မနက် ၁၀နာရီတွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးအတွင်း အဆိုအား ဆွေးနွေးရန်စာရင်းပေးထားသည့် လွှတ်တော်ကိုယ်စားလှယ် ၂၄ဦးရှိရာ လက်ရှိတွင် (က) ဦးစိုင်းကျော်မိုး၊ မိုင်းပန် မဲဆန္ဒနယ်၊ (ခ) ဒုတိယဗိုလ်မှူးကြီးမျိုးထက်ဝင်း၊ တပ်မတော်သားကိုယ်စားလှယ်၊ (ဂ) ဦးနေမျိုးထွန်း၊ ထန်းတပင် မဲဆန္ဒနယ်၊ (ဃ) ဦးဌေးလွင်(ခ)ဦးဒီလုံး၊ နမ့်စန် မဲဆန္ဒနယ်၊(င) ဗိုလ်မှူးချုပ်ဝင်းမိုး၊ တပ်မတော်သားကိုယ်စားလှယ်၊ (စ) ဦးဌေးဝင်းအောင်(ခ)ဦးပြုံးချို၊ ဒေါပုံ မဲဆန္ဒနယ်၊(ဆ) ဦးစိန်ဝင်း၊ မအူပင် မဲဆန္ဒနယ်၊(ဇ) ဒေါက်တာဒေါ်ခင်စည်သူ၊ လွိုင်ကော် မဲဆန္ဒနယ်၊(ဈ) ဦးအေးမောင်၊ ဘောလခဲ မဲဆန္ဒနယ်နှင့် (ည) ဗိုလ်ကြီးသိမ့်သိင်္ဂီထွေးအောင်၊ တပ်မတော်သားကိုယ်စားလှယ် တို့ဆွေးနွေးမှုပြုပြီးသွားပြီဟု သိရသည်။
ထန်းတပင်အမတ်၏ ဆွေးနွေးချက်များထဲမှ“မရိုးဖြောင့်သော”စကားရပ် ကိုကြံ့ခိုင်ရေးအမတ်ဦးသောင်းအေး မတ်တပ်ရပ်ထကန့်ကွက်ခဲ့ရာ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဌဦးထွန်းထွန်းဟိန်က အဆိုပါစကားရပ်ကို လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်ကြောင်း ချက်ချင်းကြေညာခဲ့သည်။
အလားတူ ဒေါပုံအမတ်၏ ဆွေးနွေးချက်ထဲ မရိုးဖြောင့်သော စကားရပ်ထည့်ဆွေးနွေးမှုကိုလည်း ဒုတိယဥက္ကဌက ထည့်မဆွေးနွေးရန် တားမြစ်ခဲ့သည်ကိုတွေ့ရသည်။
crd-Myanmar Harp #Myanmar_Online_News
>>zawgyi<<
ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအား ချက်ချင်းစိစစ်ဖြတ်တောက်
Monday, June 1, 2020
ကြံ့ခိုင်ရေးနှင့် တပ်ကိုယ်စားလှယ်များတင်ထားသည့် ပြည်သူ့လွှတ်တော်ဥက္ကဌဦးတီခွန်မြတ် အား တာဝန်မှ ရုပ်သိမ်းရန်အဆိုနှင့် ပတ်သက်ပြီး ကိုယ်စားလှယ်များဆွေးနွေးမှု အပေါ် ပြည်သူ့လွှတ်တော်ဒုဥက္ကဌဦးထွန်းထွန်းဟိန်က လွှတ်တော်မှတ်တမ်းမှနေ၍ ချက်ချင်းစိစစ်ဖြတ်တောက်၊ ပယ်ဖျက်ခြင်းများပြုလုပ်ခဲ့ကြောင်းတွေ့ရသည်။
ယနေ့မနက် ၁၀နာရီတွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးအတွင်း အဆိုအား ဆွေးနွေးရန်စာရင်းပေးထားသည့် လွှတ်တော်ကိုယ်စားလှယ် ၂၄ဦးရှိရာ လက်ရှိတွင် (က) ဦးစိုင်းကျော်မိုး၊ မိုင်းပန် မဲဆန္ဒနယ်၊ (ခ) ဒုတိယဗိုလ်မှူးကြီးမျိုးထက်ဝင်း၊ တပ်မတော်သားကိုယ်စားလှယ်၊ (ဂ) ဦးနေမျိုးထွန်း၊ ထန်းတပင် မဲဆန္ဒနယ်၊ (ဃ) ဦးဌေးလွင်(ခ)ဦးဒီလုံး၊ နမ့်စန် မဲဆန္ဒနယ်၊(င) ဗိုလ်မှူးချုပ်ဝင်းမိုး၊ တပ်မတော်သားကိုယ်စားလှယ်၊ (စ) ဦးဌေးဝင်းအောင်(ခ)ဦးပြုံးချို၊ ဒေါပုံ မဲဆန္ဒနယ်၊(ဆ) ဦးစိန်ဝင်း၊ မအူပင် မဲဆန္ဒနယ်၊(ဇ) ဒေါက်တာဒေါ်ခင်စည်သူ၊ လွိုင်ကော် မဲဆန္ဒနယ်၊(ဈ) ဦးအေးမောင်၊ ဘောလခဲ မဲဆန္ဒနယ်နှင့် (ည) ဗိုလ်ကြီးသိမ့်သိင်္ဂီထွေးအောင်၊ တပ်မတော်သားကိုယ်စားလှယ် တို့ဆွေးနွေးမှုပြုပြီးသွားပြီဟု သိရသည်။
ထန်းတပင်အမတ်၏ ဆွေးနွေးချက်များထဲမှ“မရိုးဖြောင့်သော”စကားရပ် ကိုကြံ့ခိုင်ရေးအမတ်ဦးသောင်းအေး မတ်တပ်ရပ်ထကန့်ကွက်ခဲ့ရာ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဌဦးထွန်းထွန်းဟိန်က အဆိုပါစကားရပ်ကို လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်ကြောင်း ချက်ချင်းကြေညာခဲ့သည်။
အလားတူ ဒေါပုံအမတ်၏ ဆွေးနွေးချက်ထဲ မရိုးဖြောင့်သော စကားရပ်ထည့်ဆွေးနွေးမှုကိုလည်း ဒုတိယဥက္ကဌက ထည့်မဆွေးနွေးရန် တားမြစ်ခဲ့သည်ကိုတွေ့ရသည်။
crd-Myanmar Harp #Myanmar_Online_News

0 comments:

Post a Comment