Monday, June 1, 2020

မြောက်ကိုရီးယားနိုင်ငံတွင် COVID-19 ခြောက်လှန့်မှုလျော့ပါးလာသောကြောင့် ကျောင်းများဖွင့်လှစ်ရန် စီစဉ်

မြောက်ကိုရီးယားနိုင်ငံသည် COVID-19 ကပ်ရောဂါဖြစ်ပွားနေသော ကာလအတွင်း ပိတ်ပင်တားမြစ်မှုများပြုလုပ်ခဲ့ပြီးနောက် ယခုလတွင်ကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း ဇွန်လ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။
မြောက်ကိုရီးယားနိုင်ငံသည် COVID-19 ကူးစက်လူနာတစ်ဦးမှမရှိကြောင်း အတည်ပြုထားသော်လည်း နယ်စပ်များကိုပိတ်ထားခြင်း၊ ပြည်သူများအား သီးခြား နေထိုင်စေခြင်းစသည့် တင်းကြပ်သော ကန့်သတ်ချက်များကို ချမှတ်ခဲ့ပါသည်။
တက္ကသိုလ်များနှင့် အထက်တန်းကျောင်းများကို ဧပြီလလယ်တွင် ပြန်လည်ဖွင့်လှစ်ရန်ခွင့်ပြုခဲ့သော်လည်း ဧပြီလအစောပိုင်းတွင်စတင်ရန် စီစဉ်ခဲ့သောအတန်းသစ်ကျောင်းများကို ထပ်မံရွှေ့ဆိုင်းခဲ့ပါသည်။
နိုင်ငံတစ်ဝှမ်းရှိ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းများအား ဇွန်လစောပိုင်း၌ အတန်းသစ်စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်းနှင့် မူကြိုကျောင်းများ ပြန်လည်ဖွင့်လှစ်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်ရေဒီယိုထုတ်ပြန်ချက်အရ Yonhap သတင်းအေဂျင်စီမှ ဖော်ပြခဲ့ပါသည်။
ဆက်လက်၍ ကျောင်းဂိတ်၊ စာသင်ခန်းဝနှင့်ရုံးခန်းဝများတွင်အပူချိန်တိုင်းကိရိယာနှင့် လက်သန့်ဆေးရည်များထားရှိရန် ပညာရေးအာဏာပိုင်များကို ညွှန်ကြားထားကြောင်းနှင့်ဗိုင်းရပ်စ်ကာကွယ်တားဆီးရေးအခြေခံမူများ လိုက်နာရန် ကျောင်းဝန်ထမ်းများကို အကြံပြုထားကြောင်း ဖော်ပြခဲ့ပါသည်။
လေ့လာသုံးသပ်သူများ၏ပြောကြားချက်အရ မြောက်ကိုရီးယားနိုင်ငံသည် ၎င်း၏အိမ်နီးချင်နိုင်ငံမှစတင်ဖြစ်ပွားခဲ့ပြီးတစ်ကမ္ဘာလုံးပျံ့နှံ့ခဲ့သော ဗိုင်းရပ်စ်ပိုးအား ရှောင်းရှားနိုင်ခဲ့ပြီး ၎င်းနိုင်ငံ၏ကျန်းမာရေးစနစ်သည် အဆိုပါဗိုင်းရပ်စ်ကို ကိုင်တွယ်ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ကမ္ဘာတစ်ဝှမ်းတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၆.၁ သန်းကျော်ရှိခဲ့ပြီး နိုင်ငံပေါင်း ၁၉၆ နိုင်ငံတွင် သေဆုံးသူ ၃၇၀,၀၀၀ ဦးခန့် ရှိပြီဖြစ်ပါသည်။
crd-Channel NewsAsia #Myanmar_Online_News
>>zawgyi<<
မြောက်ကိုရီးယားနိုင်ငံတွင် COVID-19 ခြောက်လှန့်မှုလျော့ပါးလာသောကြောင့် ကျောင်းများဖွင့်လှစ်ရန် စီစဉ်
Monday, June 1, 2020
မြောက်ကိုရီးယားနိုင်ငံသည် COVID-19 ကပ်ရောဂါဖြစ်ပွားနေသော ကာလ အတွင်း ပိတ်ပင်တားမြစ်မှုများပြုလုပ်ခဲ့ပြီးနောက် ယခုလတွင်ကျောင်းများ ပြန်လည် ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း ဇွန်လ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။
မြောက်ကိုရီးယားနိုင်ငံသည် COVID-19 ကူးစက်လူနာတစ်ဦးမှမရှိကြောင်း အတည်ပြုထားသော်လည်း နယ်စပ်များကိုပိတ်ထားခြင်း၊ ပြည်သူများအား သီးခြား နေထိုင်စေခြင်းစသည့် တင်းကြပ်သော ကန့်သတ်ချက်များကို ချမှတ်ခဲ့ပါသည်။
တက္ကသိုလ်များနှင့် အထက်တန်းကျောင်းများကို ဧပြီလလယ်တွင် ပြန်လည်ဖွင့်လှစ်ရန်ခွင့်ပြုခဲ့သော်လည်း ဧပြီလအစောပိုင်းတွင်စတင်ရန် စီစဉ်ခဲ့သောအတန်းသစ်ကျောင်းများကို ထပ်မံရွှေ့ဆိုင်းခဲ့ပါသည်။
နိုင်ငံတစ်ဝှမ်းရှိ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းများအား ဇွန်လစောပိုင်း၌ အတန်းသစ်စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်းနှင့် မူကြိုကျောင်းများ ပြန်လည်ဖွင့်လှစ်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်ရေဒီယိုထုတ်ပြန်ချက်အရ Yonhap သတင်းအေဂျင်စီမှ ဖော်ပြခဲ့ပါသည်။
ဆက်လက်၍ ကျောင်းဂိတ်၊ စာသင်ခန်းဝနှင့်ရုံးခန်းဝများတွင်အပူချိန်တိုင်းကိရိယာနှင့် လက်သန့်ဆေးရည်များထားရှိရန် ပညာရေးအာဏာပိုင်များကို ညွှန်ကြားထားကြောင်းနှင့်ဗိုင်းရပ်စ်ကာကွယ်တားဆီးရေးအခြေခံမူများ လိုက်နာရန် ကျောင်းဝန်ထမ်းများကို အကြံပြုထားကြောင်း ဖော်ပြခဲ့ပါသည်။
လေ့လာသုံးသပ်သူများ၏ပြောကြားချက်အရ မြောက်ကိုရီးယားနိုင်ငံသည် ၎င်း၏အိမ်နီးချင်နိုင်ငံမှစတင်ဖြစ်ပွားခဲ့ပြီးတစ်ကမ္ဘာလုံးပျံ့နှံ့ခဲ့သော ဗိုင်းရပ်စ်ပိုးအား ရှောင်းရှားနိုင်ခဲ့ပြီး ၎င်းနိုင်ငံ၏ကျန်းမာရေးစနစ်သည် အဆိုပါဗိုင်းရပ်စ်ကို ကိုင်တွယ်ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ကမ္ဘာတစ်ဝှမ်းတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၆.၁ သန်းကျော်ရှိခဲ့ပြီး နိုင်ငံပေါင်း ၁၉၆ နိုင်ငံတွင် သေဆုံးသူ ၃၇၀,၀၀၀ ဦးခန့် ရှိပြီဖြစ်ပါသည်။
crd-Channel NewsAsia #Myanmar_Online_News

0 comments:

Post a Comment