Monday, June 15, 2020

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကျင်းပရေး မဆုံးဖြတ်ရသေးဘဲ COVID-19 ကိစ္စသာ ဦးစားပေးမည်ဟု ဒီချုပ်ပြော

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၅) နှစ်မြောက် မွေးနေ့ကျင်းပရေးကို COVID-19 ရောဂါဖြစ်ပွားမှုအခြေအနေပေါ် မူတည်ဆုံးဖြတ်မည်ဖြစ်ကြောင်း ပါတီဗဟိုတာဝန်ရှိသူတစ်ဦးကပြောသည်။
ဇွန်လ ၁၉ရက်တွင်ကျ ရောက်သည့် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့နှင့်ပတ်သက်ပြီး ယခင်နှစ်များကပါတီ ဗဟိုအပါအ ဝင် မြို့နယ်အသီးသီး၌လည်းမွေး နေ့နှင့်ပတ်သက်သည့် လှုပ်ရှားမှု များပြုလုပ်ခဲ့သည်။
‘‘အခုထိတော့ ဆုံးဖြတ်ချက် မချရသေးဘူး။ ဘာလို့လဲဆိုရင် COVID အခြေအနေက ပြောင်းလဲနေတယ်။ COVID သာ ဦးစားပေးပြီးတော့ ဒီအခြေအနေနဲ့ကိုက် ညီအောင်လုပ်ရမှာပါ။ COVID သာ ဦးစားပေးစဉ်းစားရမယ့် ကိစ္စ’’ဟု NLD ပါတီတာဝန်ရှိသူ တစ်ဦးကပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံအ တွင်း COVID-19 ရောဂါဖြစ်ပွား မှု အခြေအနေများအရ ရောဂါပိုး ကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်ဆောင်ရွက်နိုင်ရန် အစိုးရက ဇွန်လ ၁၅ရက်ထိ ထုတ်ပြန်ထားသည့် COVID-19 ကာကွယ်ထိန်း ချုပ်ရေးဆိုင်ရာ ကန့်သတ်ကာလအား ဇွန်လ ၃၀ရက်အထိ ရက်တိုးမြှင့်ခဲ့သည်။
ထိုသို့ တိုးမြှင့်လိုက်ခြင်း သည် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ စည်ကားစွာကျင်းပနိုင်ရေးထက် နိုင်ငံအရေးကိုဦးစားပေးစဉ်းစားသည်မှာ ထင်ရှားကြောင်း NLD ဗဟိုတာဝန်ရှိသူက ပြောသည်။
ယခင်နှစ်များက ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့ အထိမ်းအမှတ်လှုပ်ရှားမှုများကို NLD ပါတီဝင်များသာမက ပြည်သူများကလည်း ပါဝင်ဆောင်ရွက်ခဲ့ သည်။
နိုင်ငံတစ်ဝန်း၌ သစ်ပင်များစိုက်ခြင်း၊ မွေးနေ့ဂုဏ်ပြုအခမ်းအနားနှင့် ဆုတောင်းပွဲများ ကျင်းပခြင်း၊ ဆီမီးပူဇော်ခြင်း၊ အလှူအတန်းများပြုလုပ်ခြင်း အပါအဝင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အမှတ်တရ လှုပ်ရှားမှုများပြု လုပ်ခဲ့သည်။
Ref ; 7Day

0 comments:

Post a Comment