Wednesday, June 3, 2020

Covid-19 ကာလအတွင်း နိုင်ငံတော်ကချမှတ်ထားတဲ့ လမ်းညွှန်ချက်ကို ဖောက်ဖျက်ပြီး ဘာသာရေးပွဲပြုလုပ်ခဲ့တဲ့ တရားဟောဆရာ ဒေးဗစ်လားကို ထပ်မံရုံးထုတ်

ရန်ကုန်တိုင်းအစိုးရအဖွဲ့က သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ (၂၅)နဲ့ အမှုဖွင့်အရေးယူခံထားရတဲ့ တရားဟောဆရာ ဒေးဗစ်လားကို အင်းစိန်ထောင်မှာ ချုပ်ရက်ရမန်ပြည့်ပြီးနောက် ဒီကနေ့ ဇွန် (၃) ရက် ၊ မနက်ပိုင်းမှာ မရမ်းကုန်းမြို့နယ်တရားရုံးမှာ ထပ်မံ ရုံးထုတ်ခဲ့ပါတယ်။
Covid-19 ကူးစက်ရောဂါဖြစ်ပွားနေတဲ့ ကာလအတွင်း နိုင်ငံတော်က ချမှတ်ခဲ့တဲ့ လမ်းညွှန်ချက်ကို ဖောက် ဖျက်ပြီး ဘာသာရေးပွဲပြုလုပ်ကာ လူစုလူဝေးဖြစ်စေခဲ့တာကြောင့် တရားဟော ဆရာ ဒေးဗစ်လားနဲ့ ဦးဝေထွန်းတို့ နှစ်ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ (၂၅)နဲ့ မရမ်းကုန်းမြို့မရဲစခန်းမှာ အမှုဖွင့်ခဲ့တာပါ။
Photo - Duwun

0 comments:

Post a Comment