Wednesday, June 3, 2020

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမား (၂၁၇)ဦး ဆက်လက်ဝင်ရောက်

မြဝတီမြို့ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအမှတ် (၂) ဂိတ်မှ ယနေ့ဇွန်လ (၃) ရက်နေ့ နံနက် (၇) နာရီအချိန်တွင် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမား လူကြီး (၂၁၀)ဦး၊ ကလေး (၇) ဦး စုစုပေါင်း (၂၁၇) ဦး ဆက်လက်ဝင်ရောက်ကြောင်းသိရပါသည်။
ယခုပြန်လည်ဝင်ရောက်လာသူများအားထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံး၏စီစဉ်ဆောင်ရွက်မှုဖြင့် ဘန်ကောက်မြို့ မော်ချစ်ကားဂိတ်မှ ကားတစ်စီးလျင် လူ (၂၁) ဦးစီဖြင့် ကားအစီးရေ (၁၀) စီးဖြင့် မနက် (၅)နာရီအချိန်တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့ နယ်စပ်ဂိတ်သို့ ရောက်ရှိလာကြပြီး မြဝတီခရိုင် တာဝန်ရှိသူများက မှန်လုံယာဉ်ကြီးများဖြင့် သွားရောက်ကြိုဆိုပေးခဲ့ကြကာ နံနက် (၇) နာရီအချိန်တွင် မြဝတီနယ်စပ်ဂိတ် (BCF) ဇုန်သို့ ပြန်လည်ဝင်ရောက်လာကြောင်း သိရပါသည်။
Ref ; MRTV

0 comments:

Post a Comment