Wednesday, June 3, 2020

မွန်ပြည်နယ် မော်လမြိုင်တွင် Covid-19 ရောဂါပိုးရှိ မရှိ စစ်ဆေးနိုင်တော့မည်

မော်လမြိုင်မြို့တွင် COVID-19 ရောဂါပိုး ရှိ/မရှိ ဓာတ်ခွဲနမူနာစစ်ဆေးစက်များ တပ်ဆင်ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ဇွန်လ (၁) ရက်နေ့တွင် မွန်ပြည်နယ် အစိုးရအဖွဲ့မှ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
မော်လမြိုင် အထွေထွေရောဂါ ကုဆေးရုံကြီးမှ တာဝန်ရှိသူများသည်မော်လမြိုင်မြို့ရှိ TBတိုက်ဖျက်ရေး ဓာတ်ခွဲခန်းတွင် COVID-19 ရောဂါပိုး ရှိ/မရှိ ဓာတ်ခွဲနမူနာ စစ်ဆေးစက်များ တပ်ဆင်ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
အဆိုပါစက်များဖြင့် COVID-19 ရောဂါပိုး ရှိ/မရှိ ဓာတ်ခွဲနမူနာကို ဇွန်လပထမပတ်မှစပြီး တစ်ရက်ကို လူဦးရေ(၉၀)ဦးခန့် စတင်စစ်ဆေးနိုင်ရန် စီစဉ်သွားမည်ဖြစ်ပါသည်။
Source - Nan Yu

0 comments:

Post a Comment