Wednesday, June 3, 2020

ကိုးကန့်ဒေသမှာ Covid-19 ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းတွေကို ဇွန်လ၁၅ရက်အထိ သက်တမ်းတိုးမြှင့် ဆောင်ရွက်သွားမယ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ Covid-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေကို လာမယ့်ဇွန်လ ၁၅ရက်အထိ သက်တမ်းတိုးဆောင်ရွက်သွားမယ်လို့ Covid-19ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဒေသအဆင့် ကော်မတီ(ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ)ရဲ့ ဇွန်လ ၂ရက်က ထုတ်ပြန်ချက်အရသိရပါတယ်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ပြီးခဲ့တဲ့ ဇွန်လ ၂ရက်က ကျင်းပပြုလုပ်ခဲ့တဲ့ Covid-19ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဒေသအဆင့်ကော်မတီရဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ သော်လည်းကောင်း၊ Coronavirus Diesease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်ရေး၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၊ နေပြည်တော်ရဲ့ အသိပေးကြေညာချက်အရ လည်းကောင်း သက်တမ်းတိုးဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ယခင်က ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ COVID-19 ကာကွယ်၊ ထိန်းချုပ်ရေး၊ ကုသရေးလုပ်ငန်းတွေကို မေလ ၃၁ရက်အထိ ဆောင်ရွက်သွားမယ်လို့ Covid-19ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဒေသအဆင့်ကော်မတီ (ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ)က ထုတ်ပြန်တားတာ ဖြစ်ပါတယ်။
အဲဒီလိုပဲ ဒေသခံပြည်သူတွေရဲ့ စိတ်သက်သာမှုရရှိစေရေးနဲ့ စီးပွားရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်ခွင့်ရရှိရေးအတွက် ခွင့်ပြုပေးမယ့်လုပ်ငန်းတွေကို ဆက်လက်အသိပေးထုတ်ပြန် သွားမယ်လို့လည်း သိရပါတယ်။
Ref ; ရွှေတြိဂံဒေသ သတင်းလွှာ

0 comments:

Post a Comment