Monday, June 1, 2020

အခွင့်အရေးကိုညီမျှအောင်ပေးသင့်ကြောင်း NLD အမတ် ဟောင်း ဦးစိန်ဝင်းပြန်လည်တုန့်ပြန်

လွှတ်တော်တွင် ဦးစိန်ဝင်း လွှတ်တော်ထိုင်ခုံ၌ ပြန်မထိုင်လျှင် အရေးယူမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်ပြောဆိုမှုအပေါ် လွှတ်တော်ဒုဥက္ကဋ္ဌတစ်ယောက်အနေဖြင့် အခွင့်အရေးကိုညီမျှအောင် ပေးသင့်ကြောင်း မအူပင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းကပြောသည်။
“လွှတ်တော်ဒုက္ကဋ္ဌတစ်ယောက်ဟာမျှတအောင်ပေးရမယ်။ အခွင့်အရေးကိုညီမျှအောင်ပေးရမယ်။ ဟိုဘက်က လှမိုးကပြောနေတဲ့ အန်ကယ်ရဲ့အဆိုတွေကို အစဆုံးပယ်ဖျက်ပါလို့သူပြောရင် အန်ကယ်ကိုလည်း ပြောခွင့်ပေး ရမယ်” ဦးစိန်ဝင်း(မအူပင်ပြည်သူလွှတ်တော်ကိုယ်စားလှယ်)က ပြောသည်။
ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ဖယ်ရှားရေး အဆိုအပေါ် ဦးစိန်ဝင်းဆွေးနွေးမှု၌ ပြည်သူ့လွှတ်တော်ဒုဥက္ကဋ္ဌဦးထွန်းထွန်းဟိန်က သတိပေးမှု ပြုလုပ်ခဲ့ပါ တယ်။
“ဆွေးနွေးခွင့်ဆိုတာ လွှတ်တော်ဥက္ကဋ္ဌက ခွင့်ပြုမှသာ ဆွေးနွေးလို့ရတယ်၊ မိုက်မပေးတော့ဘူး ထိုင်ပါလို့ ပြောရင် ထိုင်ပါ” ဦးထွန်းထွန်းဟိန်(ပြည်သူ့လွှတ်တော်ဒုဥက္ကဋ္ဌ) ပြောသည်။
အလားတူ လွှတ်တော်၌ ၎င်းဆွေးနွေးခွင့်ကန့်သတ်ခံလိုက်ရခြင်းသည် တစ်ဖက်သတ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဦးစိန်ဝင်းက ပြောသည်။ ဦးစိန်ဝင်းသည် ၂၀၁၅ ခုနှစ်တွင် NLD ပါတီတွင်တစ်ဦးဖြစ်ပြီး လက်ရှိအချိန်တွင် အမျိုးသားညီညွှတ်သောဒီမိုကရက်တစ်ပါတီ(အန်၊ယူ၊ဒီ)ပါတီဝင်တစ်ဦးလည်းဖြစ်သည်။
Ref-People Media #Myanmar_Online_News
>>zawgyi<<
အခွင့်အရေးကိုညီမျှအောင်ပေးသင့်ကြောင်း NLD အမတ် ဟောင်း ဦးစိန်ဝင်းပြန်လည်တုန့်ပြန်
Monday, June 1, 2020
လွှတ်တော်တွင် ဦးစိန်ဝင်း လွှတ်တော်ထိုင်ခုံ၌ ပြန်မထိုင်လျှင် အရေးယူမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်ပြောဆိုမှုအပေါ် လွှတ်တော်ဒုဥက္ကဋ္ဌတစ်ယောက်အနေဖြင့် အခွင့်အရေးကိုညီမျှအောင် ပေးသင့်ကြောင်း မအူပင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းကပြောသည်။
“လွှတ်တော်ဒုက္ကဋ္ဌတစ်ယောက်ဟာမျှတအောင်ပေးရမယ်။ အခွင့်အရေးကိုညီမျှအောင်ပေးရမယ်။ ဟိုဘက်က လှမိုးကပြောနေတဲ့ အန်ကယ်ရဲ့အဆိုတွေကို အစဆုံးပယ်ဖျက်ပါလို့သူပြောရင် အန်ကယ်ကိုလည်း ပြောခွင့်ပေး ရမယ်” ဦးစိန်ဝင်း(မအူပင်ပြည်သူလွှတ်တော်ကိုယ်စားလှယ်)က ပြောသည်။
ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ဖယ်ရှားရေး အဆိုအပေါ် ဦးစိန်ဝင်းဆွေးနွေးမှု၌ ပြည်သူ့လွှတ်တော်ဒုဥက္ကဋ္ဌဦးထွန်းထွန်းဟိန်က သတိပေးမှု ပြုလုပ်ခဲ့ပါ တယ်။
“ဆွေးနွေးခွင့်ဆိုတာ လွှတ်တော်ဥက္ကဋ္ဌက ခွင့်ပြုမှသာ ဆွေးနွေးလို့ရတယ်၊ မိုက်မပေးတော့ဘူး ထိုင်ပါလို့ ပြောရင် ထိုင်ပါ” ဦးထွန်းထွန်းဟိန်(ပြည်သူ့လွှတ်တော်ဒုဥက္ကဋ္ဌ) ပြောသည်။
အလားတူ လွှတ်တော်၌ ၎င်းဆွေးနွေးခွင့်ကန့်သတ်ခံလိုက်ရခြင်းသည် တစ်ဖက်သတ်လုပ်ဆောင်ခြင်းဖြစ် ကြောင်း ဦးစိန်ဝင်းက ပြောသည်။ ဦးစိန်ဝင်းသည် ၂၀၁၅ ခုနှစ်တွင် NLD ပါတီတွင်တစ်ဦးဖြစ်ပြီး လက်ရှိ အချိန်တွင် အမျိုးသားညီညွှတ်သော ဒီမိုကရက်တစ်ပါတီ(အန်၊ယူ၊ဒီ)ပါတီဝင်တစ်ဦးလည်းဖြစ်သည်။
Ref-People Media #Myanmar_Online_News

0 comments:

Post a Comment