Friday, June 12, 2020

ဇီးကုန်းမှာ NLD အမတ်လောင်းလျှောက်လွှာပိတ်ဖို့ ၂ ရက် အလိုအထိ လာရောက်လျှောက်ထားသူ မရှိသေး

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက်၊ ပဲခူးတိုင်းအနောက်ခြမ်း၊ ဇီးကုန်းမြို့နယ်အတွက် ဇွန်လ ၁၁ ရက်နေ့အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ဝင်ရောက်အရွေးခံမယ့် လွှတ်တော်ကိုယ်စားလှယ်လောင်း လျှောက်လွှာလာရောက် တင်သွင်းသူ မရှိမရှိသေးဘူးလို့ သာယာဝတီခရိုင်နဲ့ ဇီးကုန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တာဝန်ရှိသူထံကနေသိရပါတယ်။
ဇီးကုန်းမြို့နယ်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထံ လွှတ်တော်ကိုယ်စားလှယ်လောင်း အဆိုပြုတင်သွင်းတဲ့ လျှောက်လွှာစာရင်းပိတ်ဖို့ ၂ ရက်သာကျန်တော့တာဖြစ်ပေမယ့် လျှောက်လွှာလာယူထားသူတွေရှိတာကြောင့် လာရောက်လျှောက်ထားမယ့်သူတွေရှိမှာ ဖြစ်ကြောင်း ဇီးကုန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးလှိုင်ဝင်းက ပြောပါတယ်။
"အခုကိုယ်စားလောင်း လျှောက်လွှာတွေကို တချို့တဝက်လည်း လာရောက်ယူနေပါပြီ ကိုယ်စားလှယ်လောင်း လျှောက်လွှာတွေ မယူဘူးဆိုတာမဟုတ်ပါဘူး။ သတ်မှတ်ကာလ မကုန်ဆုံးသေးတဲ့အတွက် ရွေး ကောက်ပွဲမှာဝင်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ လျှောက်လွှာမယူဘူး မလာဘူးဆိုတာ မဟုတ်ပါဘူး။ သတ်မှတ်ကာလ မကုန်ဆုံးသေးတဲ့ အတွက် သတ်မှတ်ကာလမကုန်ခင်အချိန်အထိ လာရောက်ယူနိုင်ခွင့်ရှိပါတယ်။ ဒါကတော့ ကိုယ်စားလောင်း လျှောက်လွှာတွေ လာရောက်ယူမှာပါဆိုတာကို ကျနော်ပြောချင်ပါတယ်။" လို့ ဇီးကုန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးလှိုင်ဝင်းက ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းလျှာက်လွာတွေကို သက်ဆိုင်ရာ မြို့နယ်တွေကို ဇွန် လ ၁၃ ရက် နေ့မှာဖေါင်ပိတ်ရက်အဖြစ်သတ်မှတ်ထားပြီး ၁၄ ရက်နေ့မှာ အမျိုးသားဒီမိုကရေးစီအဖွဲ့ချုပ် မြို့နယ်အလုပ်အမှုဆောင်အဖွဲ့တွေနဲ့ မြို့မိမြို့ဖတွေကနေ စီစစ်ရွေးချယ်ပေးရမှာဖြစ်ပြီး၊ ဇွန်လ ၁၅ ရက်နေ့မှာတော့ ပဲခူးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တိုင်းရုံးကို ပေးပို့သွားရမှာ ဖြစ်ပါတယ်။
"ဖေါင်(လျှောက်လွှာ)ကတော့ သက်မှတ်ရက်နောက်ဆုံးရက်တော့ရှိပါတယ်။ အဲဒီရက် ပြည့်သွားလို့ ဖေါင်တင်တာဘာညာမရှိဘူးဆိုရင် ခရိုင်၊ တိုင်း၊ ဗဟိုအဆင့်ဆင့် ကြည့်ပြီးတော့ စီစဉ်ဆောင်ရွက် သွားပါလိမ့်မယ်" လို့ သာယာဝတီခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အမျိုးသမီးလုပ်ငန်းကော်မတီဥက္ကဌ ဒေါ်ခင်ငြိမ်းငြိမ်းအိက ပြောပါတယ်။
ပဲခူးတိုင်းအတွင်း ဇီးကုန်းမြို့နယ် တခုတည်းမှာဘဲ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၂ ဦးနဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁ ဦးတို့အနိုင်ရခဲ့တဲ့ မြို့ နယ်ဖြစ်ပြီး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၁ ဦးကတော့ ယခင်ဦးသိန်းစိန်အစိုးရလက်ထက် ပဲခူးတိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့တဲ့ ဦးဉာဏ်ဝင်းဖြစ်ပြီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကတော့ ဒုတိယသမ္မတ(၂) ဦးဉာဏ်ထွန်းတို့ အနိုင်ရခဲ့တဲ့ ဒေသလည်းဖြစ်ပါတယ်။
Ref ; မြေလတ်အသံ

0 comments:

Post a Comment