
ရိုက်တာသတင်းဌာနမှ ဇွန်လ ၂ ရက်နေ့တွင်ထုတ်ပြန်ခဲ့သော Reuter/Ipsos စစ်တမ်းအရ အမေရိကန်နိုင်ငံသားများသည် ရဲလက်ချက်ဖြင့်သေဆုံးခဲ့သော လူမည်းအမျိုးသားသေဆုံးမှုနှင့်ပတ်သက်၍ နိုင်ငံတစ်ဝှမ်းဆန္ဒပြသူများအပေါ် စာနာထောက်ခံကြပြီး ဆူပူအုံကြွမှုတွင် ဒေါ်နယ်ထရန့်၏တုန့်ပြန်မှုကို မနှစ်သက်ကြောင်း တွေ့ရှိရပါသည်။
လွန်ခဲ့သည့်ရက်သတ္တပတ်က Minneapolis မြို့တွင်ရဲအရာရှိတစ်ဦးမှ George Floyd အမည်ရှိ လူမည်းအမျိုးသားအား ချုပ်နှောင်ရာတွင် ၎င်း၏လည်ပင်းအား ဒူးဖြင့် ၉ မိနစ်ခန့်ထောက်ထားရာမှ သေဆုံးခဲ့သောကြောင့် အမေရိကန်တွင် ဆန္ဒပြမှုများဖြစ်ပေါ်လျှက်ရှိပြီး အချို့သောဆန္ဒပြမှုများသည် အကြမ်းဖက်မှုများအဖြစ် အသွင်ပြောင်းလာခဲ့ပါသည်။ အဆိုပါရဲအရာရှိအား လူသတ်မှုဖြင့် တရားစွဲဆိုထားပါသည်။
ဇွန်လ ၁ ရက်နေ့နှင့် ၂ ရက်နေ့တွင်ပြုလုပ်ခဲ့သော စစ်တမ်းအရ အရွယ်ရောက်ပြီးသောအမေရိကန်နိုင်ငံသား ၆၄ ရာခိုင်နှုန်းတို့သည် လက်ရှိဆန္ဒပြနေသူများအပေါ် စာနာထောက်ခံကြပြီး ၂၇ ရာခိုင်နှုန်းမှာ မထောက်ခံကြောင်းနှင့် ၉ ရာခိုင်နှုန်းမှာ ဖြေကြားခြင်းမရှိခဲ့ပေ။
ဆန္ဒပြမှုများအား ကြမ်းတမ်းစွာကိုင်တွယ်ခဲ့ပြီး အကြမ်းဖက်မှုများကိုဖြိုခွင်းရန် စစ်တပ်အသုံးပြုသွားမည်ဟုခြိမ်းခြောက်ခဲ့သော ဒေါ်နယ်ထရန့်အတွက် နိုင်ငံရေး အန္တရာယ်ကို အဆိုပါစစ်တမ်းမှ မီးမောင်းထိုးပြနေပါသည်။နိုဝင်ဘာလရွေးကောက်ပွဲတွင်ရီပတ်ဘလီကန်သမ္မတသည် ဒီမိုကရက် Joe Biden နှင့် ယှဉ်ပြိုင်ရင်ဆိုင်ရမည်ဖြစ်ပါသည်။
စစ်တမ်းအရ အမေရိကန်နိုင်ငံသား ၅၅ ရာခိုင်နှုန်းအထက်သည် ဆန္ဒပြမှုအပေါ် ဒေါ်နယ်ထရန့်၏ကိုင်တွယ်ဖြေရှင်းပုံကို မနှစ်သက်ကြောင်း တွေ့ရှိရပြီး ထိုထဲမှ ၄၀ ရာခိုင်နှုန်းမှာ ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း တွေ့ရှိရပါသည်။ သုံးပုံတစ်ပုံခန့်မှာ ဒေါ်နယ်ထရန့်၏ဆောက်ရွက်ချက်အားလုံးထဲမှ ၃၉ ရာခိုင်နှုန်းသာ ထောက်ခံကြောင်း တွေ့ရှိရပါသည်။
လွတ်လပ်သောမဲဆန္ဒရှင်တို့သည် ဆူပူအုံကြွမှုအပေါ် ဒေါ်နယ်ထရန့်၏ တုန့်ပြန်မှုကို မနှစ်သက်ကြောင်း ဖြေ ကြားခဲ့ကြပါသည်။ ရီပတ်ဘလီကန်ထောက်ခံသူများကြားတွင်ပင် ၆၇ ရာခိုင်နှုန်းသာ ထောက်ခံကြပြီး ဒေါ်နယ်ထရန့်၏ ဆောင်ရွက်ချက် အားလုံးကိုနှစ်သက်သော ယခင် ၈၂ ရာခိုင်နှုန်းမှ သိသိသာသာ ကျဆင်းသွားပါသည်။



Ref ; Reuters






0 comments:
Post a Comment