ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့အဝင် ကင်းချောင်းတံတားအနီး၌ ဇွန် ၂ ရက် နံနက်ပိုင်းတွင် AA အကြမ်းဖက်သောင်းကျန်းသူများက လုံခြုံရေးတပ်ဖွဲ့ဝင်များကို ရီမုမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်စဉ် ဒေသခံပြည်သူတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ အများပြည်သူသွားလာ အသုံးပြုလျက်ရှိသော ရန်ကုန်-စစ်တွေ ပြည်ထောင်စုကားလမ်းမကြီးပေါ်ရှိ စစ်တွေ-ပုဏ္ဏားကျွန်းလမ်းပိုင်း လုံခြုံရေးဆောင်ရွက် လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပုဏ္ဏားကျွန်းမြို့အဝင် ကင်းချောင်းတံတားအနီး သို့ အရောက်၌ AA အကြမ်းဖက်သောင်းကျန်းသူများက ရီမုမိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက် ခိုက်ခဲ့ကြောင်း၊ ထိုသို့ဖောက်ခွဲတိုက်ခိုက်စဉ် ပုဏ္ဏားကျွန်းမြို့ဘက်မှ စစ်တွေမြို့ဘက်သို့ ဆိုင်ကယ်စီးနင်းလာသော ဇော်မင်းဦး(၃၅)နှစ်မှာ မိုင်းစထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ဝင်းနိုင်စိုး(၄၇)နှစ်၊ (ဘ)ဦးခင်အေး တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်းနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်အချို့ ကျဆုံး၊ ဒဏ်ရာရရှိခဲ့သည်။
မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့သည့် ဝင်းနိုင်စိုး အား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဆေးမှူးဖြင့် ကနဦးဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ပြီး စစ်တွေမြို့ရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ရခိုင်ပြည်နယ်အတွင်း လမ်းပန်း ဆက်သွယ်မှုပြတ်တောက်စေရန် နှောင့်ယှက်တိုက်ခိုက်ဖြတ်တောက်ပိတ်ဆို့မှုများဆောင်ရွက်လျက်ရှိပြီး အများပြည်သူသွားလာအသုံးပြုလျက်ရှိသော လမ်းကြောင်းများပေါ်တွင်လည်း မိုင်းထောင်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များကို ဆောင်ရွက်လျက် ရှိရာ ၂၀၁၇ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်မှ ယနေ့အထိ မိုင်းထောင်၊ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် ဒေသခံပြည်သူ ၁၅ ဦး၊ ဒဏ်ရာရသူ ၅၃ ဦးရှိ ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်ချက်အရ သိရသည်။

>>zawgyi<<
ပုဏ္ဏားကျွန်းမြို့အဝင်တွင် AA သောင်းကျန်းသူများက လုံခြုံရေးတပ်ဖွဲ့ဝင်များကို ရီမုမိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်စဉ် ဒေသခံပြည်သူ ၁ ဦးသေဆုံး၊ ၁ ဦးဒဏ်ရာရရှိ
Wednesday, June 3, 2020
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့အဝင် ကင်းချောင်းတံတားအနီး၌ ဇွန် ၂ ရက် နံနက်ပိုင်းတွင် AA အကြမ်းဖက်သောင်းကျန်းသူများက လုံခြုံရေးတပ်ဖွဲ့ဝင်များကို ရီမုမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်စဉ် ဒေသခံပြည်သူတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ အများပြည်သူသွားလာ အသုံးပြုလျက်ရှိသော ရန်ကုန်-စစ်တွေ ပြည်ထောင်စုကားလမ်းမကြီးပေါ်ရှိ စစ်တွေ-ပုဏ္ဏားကျွန်းလမ်းပိုင်း လုံခြုံရေးဆောင်ရွက် လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပုဏ္ဏားကျွန်းမြို့အဝင် ကင်းချောင်းတံတားအနီး သို့ အရောက်၌ AA အကြမ်းဖက်သောင်းကျန်းသူများက ရီမုမိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက် ခိုက်ခဲ့ကြောင်း၊ ထိုသို့ဖောက်ခွဲတိုက်ခိုက်စဉ် ပုဏ္ဏားကျွန်းမြို့ဘက်မှ စစ်တွေမြို့ဘက်သို့ ဆိုင်ကယ်စီးနင်းလာသော ဇော်မင်းဦး(၃၅)နှစ်မှာ မိုင်းစထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ဝင်းနိုင်စိုး(၄၇)နှစ်၊ (ဘ)ဦးခင်အေး တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်းနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်အချို့ ကျဆုံး၊ ဒဏ်ရာရရှိခဲ့သည်။
မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့သည့် ဝင်းနိုင်စိုး အား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဆေးမှူးဖြင့် ကနဦးဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ပြီး စစ်တွေမြို့ရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ရခိုင်ပြည်နယ်အတွင်း လမ်းပန်း ဆက်သွယ်မှုပြတ်တောက်စေရန် နှောင့်ယှက်တိုက်ခိုက်ဖြတ်တောက်ပိတ်ဆို့မှုများဆောင်ရွက်လျက်ရှိပြီး အများပြည်သူသွားလာအသုံးပြုလျက်ရှိသော လမ်းကြောင်းများပေါ်တွင်လည်း မိုင်းထောင်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များကို ဆောင်ရွက်လျက် ရှိရာ ၂၀၁၇ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်မှ ယနေ့အထိ မိုင်းထောင်၊ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် ဒေသခံပြည်သူ ၁၅ ဦး၊ ဒဏ်ရာရသူ ၅၃ ဦးရှိ ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်ချက်အရ သိရသည်။

0 comments:
Post a Comment