Monday, June 1, 2020

WHO မှ အမေရိကန်နုတ်ထွက်မှု ကျန်းမာရေးအတွက် အကျိုးဆက်များဖြစ်လာနိုင်ပြီး ပိုလီယိုနဲ့ ငှက်ဖျားရောဂါလို ရောဂါတွေ ထပ်ပေါ်လာစေနိုင်ဟု ပညာရှင်များ သတိပေး

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ကနေ အမေရိကန်ပြည်ထောင်စုက နုတ်ထွက်လိုက်တာဟာ နိုင်ငံတကာကျန်းမာရေး ပူးပေါင်းဆောင်ရွက်မှုတွေအတွက် မလိုလားအပ်တဲ့ အကျိုးဆက်တွေ ဖြစ်လာနိုင်တယ်လို့ နိုင်ငံတကာ သိပ္ပံပညာရှင်တွေက ပြောပါတယ်။
မေလ ၂၇ ရက်နေ့က ဗြိတိသျှ သိပ္ပံဂျာနယ် Nature မှာ ပုံနှိပ်ခဲ့တဲ့ ဆောင်းပါးအရ ပညာရှင်တွေက အမေရိကန်ရဲ့ နုတ်ထွက်မှုဟာ ပိုလီယိုနဲ့ ငှက်ဖျားရောဂါလို ရောဂါတွေ ထပ်ပေါ်လာစေနိုင်တယ်လို့ ဆိုပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ပြီးခဲ့တဲ့သောကြာနေ့ကတည်းက သူ့နိုင်ငံဟာ WHO နဲ့ ဆက်ဆံရေး အဆုံးသတ်တော့မယ်၊ အဖွဲ့အစည်းကို ထည့်ဝင်နေကျ ရန်ပုံငွေတွေကို ကမ္ဘာလုံးဆိုင်ရာအဆင့်မှာ လိုအပ်နေတဲ့ ပြည်သူ့ကျန်းမာရေးကိစ္စတွေကို လွှဲပြောင်းထည့်ဝင် သွားမယ်လို့ ပြောခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
>>zawgyi<<
WHO မှ အမေရိကန်နုတ်ထွက်မှု ကျန်းမာရေးအတွက် အကျိုးဆက်များဖြစ်လာနိုင်ပြီး ပိုလီယိုနဲ့ ငှက်ဖျားရောဂါလို ရောဂါတွေ ထပ်ပေါ်လာစေနိုင်ဟု ပညာရှင်များ သတိပေး
Monday, June 1, 2020
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကနေ အမေရိကန်ပြည်ထောင်စုက နုတ်ထွက်လိုက်တာဟာ နိုင်ငံတကာ ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှုတွေအတွက် မလိုလားအပ်တဲ့ အကျိုးဆက်တွေ ဖြစ်လာနိုင်တယ်လို့ နိုင်ငံတကာ သိပ္ပံပညာရှင်တွေက ပြောပါတယ်။
မေလ ၂၇ ရက်နေ့က ဗြိတိသျှ သိပ္ပံဂျာနယ် Nature မှာ ပုံနှိပ်ခဲ့တဲ့ ဆောင်းပါးအရ ပညာရှင်တွေက အမေရိကန်ရဲ့ နုတ်ထွက်မှုဟာ ပိုလီယိုနဲ့ ငှက်ဖျားရောဂါလို ရောဂါတွေ ထပ်ပေါ်လာစေနိုင်တယ်လို့ ဆိုပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ပြီးခဲ့တဲ့သောကြာနေ့ကတည်းက သူ့နိုင်ငံဟာ WHO နဲ့ ဆက်ဆံရေး အဆုံးသတ်တော့မယ်၊ အဖွဲ့အစည်းကို ထည့်ဝင်နေကျ ရန်ပုံငွေတွေကို ကမ္ဘာလုံးဆိုင်ရာအဆင့်မှာ လိုအပ်နေတဲ့ ပြည်သူ့ကျန်းမာရေးကိစ္စတွေကို လွှဲပြောင်းထည့်ဝင် သွားမယ်လို့ ပြောခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

0 comments:

Post a Comment