Monday, June 1, 2020

မန္တလေးတိုင်းပြင်ပ ပြေးဆွဲသည့်ကားများကို စည်းကမ်းများနဲ့အညီ စတင် ပြေးဆွဲခွင့်ပြု

မန္တလေးတိုင်းဒေသကြီး ပြင်ပပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်လိုင်းများကို ဇွန်လ ၁ ရက်မှာ စတင်ပြေးဆွဲခွင့်ပြုပြီဖြစ်သော်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ်ထားသည့် စည်းကမ်းများကို လိုက်နာသည့် ယာဉ်လိုင်းများသာ ပြေးဆွဲခွင့်ပြုထားကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ်လုပ်ငန်းများကြီးကြပ်မှုကော်မတီ (အဝေးပြေး)က သိရသည် ။
"ကျန်းမာရေးဌာနက ထုတ်ပြန်ထားတဲ့ အချက်တွေကိုလိုက်နာရမယ် ။ မလိုက်နာရင် ပြေးဆွဲခွင့်မပြုဘူး။ မလိုက်နာပဲ ပြေးဆွဲရင် ဥပဒေအရ အရေးယူမယ် ။ အခုတော့ ယာဉ်လိုင်းတွေကို စစ်ဆေးနေစဲပါ။ ဘယ်နှလိုင်းပြေးဆွဲခွင့်ရတယ်ဆိုတာတော့ မသိရသေးဘူး"ဟု မန္တလေးတိုင်းဒေသကြီး ယာဉ်လုပ်ငန်းများကြီးကြပ်မှုကော်မတီ (အဝေးပြေး) ဥက္ကဋ္ဌ ဦးအောင်ကျော်လင်း က ပြောသည် ။
ယာဉ်လိုင်းများအနေဖြင့် ခရီးသည်များကို အပူချိန်တိုင်းခြင်း၊ လက်ဆေးရန် ထားပေးခြင်း စသည်တို့ကို လုပ်ရမည့်အပြင် ခရီးသည်များကို ပူးကပ်ပြီးမတင်ဆောင်ဘဲ နှစ်ယောက်ခုံဖြစ်ပါက တစ်ယောက်သာ တင်ဆောင်ရမည်ဖြစ်သည် ။
မန္တလေးမြို့တွင် ကားဝန်း (၅) ခုမှ တိုင်းကျော်ပြေးဆွဲမည့် ယာဉ်လိုင်းပေါင်း (၄၂၅) လိုင်းရှိပြီး စီစစ်မှုများ လုပ် ဆောင်နေကာ တစ်ချို့ယာဉ်လိုင်းများမှာ ခရီးသည်နည်းသည့်အတွက် ပြေးဆွဲဦးမည်မဟုတ်သေးကြောင်း သိရသည် ။
crd-The Fifth Wave News #Myanmar_Online_News
>>zawgyi<<
မန္တလေးတိုင်းပြင်ပ ပြေးဆွဲသည့်ကားများကို စည်းကမ်းများနဲ့အညီ စတင် ပြေးဆွဲခွင့်ပြု
Monday, June 1, 2020
မန္တလေးတိုင်းဒေသကြီး ပြင်ပပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်လိုင်းများကို ဇွန်လ ၁ ရက်မှာ စတင်ပြေးဆွဲခွင့်ပြုပြီဖြစ်သော်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ်ထားသည့် စည်းကမ်းများကို လိုက်နာသည့် ယာဉ်လိုင်းများသာ ပြေးဆွဲခွင့်ပြုထားကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ်လုပ်ငန်းများကြီးကြပ်မှုကော်မတီ (အဝေးပြေး) က သိရသည် ။
"ကျန်းမာရေးဌာန က ထုတ်ပြန်ထားတဲ့ အချက်တွေကိုလိုက်နာရမယ် ။ မလိုက်နာရင် ပြေးဆွဲခွင့်မပြုဘူး။ မလိုက်နာပဲ ပြေးဆွဲရင် ဥပဒေအရ အရေးယူမယ် ။ အခုတော့ ယာဉ်လိုင်းတွေ ကို စစ်ဆေးနေစဲပါ။ ဘယ်နှလိုင်းပြေးဆွဲခွင့်ရတယ်ဆိုတာတော့ မသိရသေးဘူး" ဟု မန္တလေးတိုင်းဒေသကြီး ယာဉ်လုပ်ငန်းများကြီးကြပ်မှုကော်မတီ (အဝေးပြေး) ဥက္ကဋ္ဌ ဦးအောင်ကျော်လင်း က ပြောသည် ။
ယာဉ်လိုင်းများအနေဖြင့် ခရီးသည်များကို အပူချိန်တိုင်းခြင်း၊ လက်ဆေးရန် ထားပေးခြင်း စသည်တို့ကို လုပ်ရမည့်အပြင် ခရီးသည်များကို ပူးကပ်ပြီး မတင်ဆောင်ဘဲ နှစ်ယောက်ခုံဖြစ်ပါက တစ်ယောက်သာ တင်ဆောင်ရမည်ဖြစ်သည် ။
မန္တလေးမြို့တွင် ကားဝန်း (၅) ခုမှ တိုင်းကျော်ပြေးဆွဲမည့် ယာဉ်လိုင်းပေါင်း (၄၂၅) လိုင်းရှိပြီး စီစစ်မှုများ လုပ် ဆောင်နေကာ တစ်ချို့ယာဉ်လိုင်းများမှာ ခရီးသည် နည်းသည့်အတွက် ပြေးဆွဲဦးမည်မဟုတ်သေးကြောင်း သိရသည် ။
crd-The Fifth Wave News #Myanmar_Online_News

0 comments:

Post a Comment