Tuesday, July 17, 2018

သမ္မတဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ရခိုင်ပြည်နယ်အကြံပေး အဖွဲ့ကို လက်ခံတွေ့ဆုံ ထိုင်းကုမ္ပဏီများ ရခိုင်တွင် ရင်းနှီးမြှုပ်နှံရေး ဆွေးနွေးခဲ့ဟု ဒေါက်တာဝင်းမြတ်အေးပြော


နိုင်ငံတော်သမ္မတဦးဝင်း မြင့်သည် ရခိုင်ပြည်နယ်ဆိုင်ရာ အ ကြံပြုချက်များအပေါ် အကောင် အထည်ဖော် ဆောင်ရွက်ရေး ကော်မတီအကြံပေးအဖွဲ့ ဥက္ကဋ္ဌ မစ္စတာ ဆတ်သီယာထိုင်းဦး ဆောင်သောအဖွဲ့ကို ယမန်နေ့က သမ္မတအိမ်တော်၌ လက်ခံတွေ့ ဆုံခဲ့သည်။

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး၊ နိုင်ငံတော်အစိုးရနှင့်ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းနှစ်ခု (UNDP,UNHCR) တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးဆောင်ရွက်နေမှုအခြေအနေတို့ဆွေးနွေးကြောင်း သမ္မတရုံးထုတ်ပြန်ချက်၌ ဖော်ပြသည်။

‘‘အဓိကကတော့ အခုလက်ရှိကနျွ်တောတ့်ေို ဆာငရ် က်ွနေတဲ့ကိစ္စတွေရယ်၊ ရှေ့ကို ရေရှည်လူမှုစီးပွားဘဝတိုးတက်ရေးအတွက်အဓိကက ဖွံ့ဖြိုးတိုးတက်ရေးကိုဦးတည်ပြီးသွားမှာ။ ရခိုင်တစ်ဒေသလုံးအတွက်။ ရခိုင်မြောက်ပိုင်းတစ်ခုတည်းအတွက်မဟုတ်ဘူး။ ရခိုင်ပြည်နယ်တစ်ခုလုံး ဖွံ့ဖြိုးတိုးတကဖ့ိုအကြံပြုချက်တေကွိုဆွေးနွေးကြတာ’’ ဟု ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေးဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးကပြောသည်။

ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်ဟောင်းနှင့် နိုင်ငံခြားရေးဝန်ကြီးဟောင်း အထက်ပါအကြံပေးအဖွဲ့ဥက္ကဋ္ဌ မစ္စတာဆတ်သီယာထိုင်းသည် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြုသဘောဆောင်သော အကြံပြုချက်များ အကောင်အထည်ဖော်ရန်အကြံပြုထားပြီး ထိုင်းနိုင်ငံမှရင်းနှီးမြှုပ်နှံမည့်ကုမ္ပဏီများနှင့်ပတ်သက်၍ ထည့်သွင်းဆွေးနွေးခဲ့ကြောင်း ဒေါက်တာဝင်းမြတ်အေးက ရှင်းပြသည်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏အကြံပေးအဖွဲ့တို့ ပထမဆုံးအကြိမ် တွေ့ဆုံမှုဖြစ်သည်။အလားတူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မစ္စတာဆတ်သီယာထိုင်းဦးဆောင်သည့်အကြံပေးအဖွဲ့ကို ယမန်နေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် အကြံပေးအဖွဲ့၏ပထမနှင့် ဒုတိယအကြိမ် ခရီးစဉ်များအပြီး ထုတ်ပြန်ထားသည့်အကြံပြုချက်များကို အကောင်အထည်ဖော်ဆောင်ရွက်မှုအနေအထား၊ ရခိုင်ပြည်နယ်ဆိုင်ရာစိန်ခေါ်မှုများနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အနာဂတ်တွင် ဆက်လက်ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ထို့အပြင် မစ္စတာဆတ်သီယာထိုင်းက အကြံပေးအဖွဲ့၏ဆောင်ရွက်ချက်များနှင့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းပြောကြားသည်ဟုဆိုသည်။

မစ္စတာဆတ်သီယာထိုင်းဦးဆောင်သည့် အကြံပေးအဖွဲ့ကိုပြည်ပပညာရှင်ငါးဦး၊ ပြည်တွင်းပညာရှင်ငါးဦးစီဖြင့် ၂၀၁၇ ဒီဇင်ဘာ ၉ ရက်တွင် စတင်ဖွဲ့စည်းသည်။ သို့သော် အမေရိကန်စွမ်းအင်ဝန်ကြီးဟောင်းနှင့် နယူးမက္ကဆီကိုပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း ဘီလ်ရစ်ချက်ဆန်သည်အကြံပေးအဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ခဲ့၍ လက်ရှိတွင် အကြံပေးအဖွဲ့ဝင် ကိုးဦးကျန်ရှိသည်။

7Day

0 comments:

Post a Comment