Sunday, July 15, 2018

ပြည်ခိုင်ဖြိုးပါတီရုံးချုပ်တွင် ပြုလုပ်ခဲ့သည့် နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးပွဲ ပူးတွဲသဘောထားကြေညာချက် ထုတ်ပြန်


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်(ရန်ကုန်)တွင် ဇူလိုင် ၁၅ ရက်က နိုင်ငံရေးပါတီများ စုပေါင်းတွေ့ဆုံပွဲ တစ်ရပ်ကို ပြုလုပ်ခဲ့ပြီး တက်ရောက်ခဲ့သည့် နိုင်ငံရေးပါတီ ၂၃ ပါတီမှ ပူးတွဲသဘောထား ကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။


အဆိုပါ တွေ့ဆုံပွဲတွင် ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုဖြစ်စဉ် များနှင့် စပ်လျဉ်း၍ လုံခြုံရေးတပ်ဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်မှုများကို စုံစမ်းစစ်ဆေးရန် နိုင်ငံတကာမှ ပုဂ္ဂိုလ်ကြီးတစ်ဦး ပါဝင်သော စုံစမ်းရေး ကော်မတီဖွဲ့စည်းမည်ဟူသော သတင်းစကားများနှင့်ပတ်သက်၍ သော်လည်းကောင်း၊ ပြည်ပထွက်ခွာ သွားသူများ ပြန်လည်လက်ခံရေး အတွက် ကုလသမဂ္ဂအဖွဲ့အစည်းနှစ်ခုနှင့် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးရန် ပြင်ဆင်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတရုံးနှင့် အတိုင်ပင်ခံရုံးက ၂ဝ၁၈ ခုနှစ် မေလ ၃၁ ရက်တွင် သတင်းထုတ်ပြန် မှုနှင့် ပတ်သက်၍ သော်လည်းကောင်း အကျယ်တဝင့် ဆွေးနွေး ခဲ့ကြကြောင်း ပြည်ခိုင်ဖြိုးပါတီက သတင်းထုတ်ပြန်ခဲ့သည်။

The Ladies News

0 comments:

Post a Comment