Tuesday, July 17, 2018

တိုင်းပြည်စီးပွားရေးမကောင်းသည်ကို အစိုးရသတိပြုမိရန် ဟိုတယ်သုံးလုံးပိတ်ပစ်ခြင်းဖြစ်ကြောင်း ဦးဌေးအောင်ပြော


Orchid၊ နန်းမြိုင်နှင့် လက်ခုပ်ကုန်း ဟိုတယ်များကို ယခုနှစ်အတွင်း အပြီးပိတ်သိမ်း မည်ဟု အဆိုပါ ဟိုတယ်များပိုင် ရှင် ဦးဌေးအောင်က ပြောကြား သည်။

ပြင်ဦးလွင်မှ နာမည်ကြီး နန်းမြိုင်ဟိုတယ်၊ ဧရာဝတီတိုင်းမှ လက်ခုပ်ကုန်းဟိုတယ်ကို အစိုးရထံ ပြန်အပ်ထားပြီး ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်ရှိ Orchid ဟိုတယ်ကို ယခုနှစ် ဒီဇင်ဘာကစ၍ ၎င်း၏နေအိမ်အဖြစ် အသုံးပြုကာ ခရီးသည်များအား အခမဲ့ တည်းခိုစေမည်ဟု ဦးဌေးအောင် က ဇူလိုင် ၁၇ ရက်တွင်  Orchid ဟိုတယ်၌ သတင်းမီဒီယာများနှင့်တွေ့ဆုံ ရှင်းလင်းပြောကြားခဲ့သည်။

ယခုပိတ်သိမ်းခြင်းသည် တိုင်းပြည်စီးပွားရေးကျပ်တည်း လာပြီး လုပ်ငန်းရှင်များလုပ်ကိုင် ၍ မကောင်းတော့ကြောင်း အစိုးရ သတိပြုမိစေရန် တမင်ပိတ်သိမ်း ပြီး မိမိသဘောထားကို ပြသခြင်းဖြစ်သည်ဟု ပိုင်ရှင်ဦးဌေးအောင်က ပြောကြားသည်။

‘‘ဒီလုပ်ငန်းတွေက စီးပွား ရေးအရ အရှုံးပေါ်လို့ ရပ်တာ မဟုတ်ပါဘူး။ လုပ်ငန်းလုပ်ကိုင် လို့မကောင်းတော့လို့ ရှေ့ဆက် ပြီး ကောင်းလာမှာမဟုတ်လို့ ရပ် ပစ်တာပါ’’ဟု ဦးဌေးအောင်က ပြောသည်။

 ရှင်းလင်းပွဲတွင် ဦးဌေး အောင်က အစိုးရ၏ စီးပွားရေး မူဝါဒများသည် တိကျမှုမရှိဟု ဝေဖန်ခဲ့ပြီး ယခုလပိုင်းအတွင်း ရပ် နားခဲ့သော လေကြောင်းလိုင်း များ၊ ကုမ္ပဏီများနှင့် FMI Group တို့ကို နမူနာပြကာ စီးပွားရေး သမားများ စီးပွားရေးလုပ်ကိုင်ရန် တွန့်ဆုတ်နေပြီဟု ရှင်းလင်းပွဲ တွင် ပြောကြားခဲ့သည်။

ထို့အပြင် ယခုကဲ့သို့ ဟို တယ်များ ပိတ်သိမ်းခြင်းမှာ အစိုးရ၏ စီးပွားရေးမူဝါဒအပေါ် ဖိအား ပေးထောက်ပြခြင်းမရှိဟုယူဆ၍ ရကြောင်း ၎င်းက ဆိုသည်။

‘‘အစိုးရအနေနဲ့ နားစွင့်နေရ မှာပေါ့ဗျာ။ ကျွန်တော်ကတော့ မကြားကြားအောင် ခေါင်းလောင်း ထိုးတယ်’’ဟု ၎င်းက ဆိုသည်။

ဦးဌေးအောင်သည် ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန မှ အမြဲတမ်းအတွင်းဝန်ကို လာဘ် ယူမှုဖြင့် တိုင်ကြားဖူးပြီး ယခင်လ ကလည်း ဌာနတွင်း မသမာမှုများ ရှိနေကြောင်း သတင်းစာရှင်းလင်း ဖော်ထုတ်ဖူးသည်။ ဝန်ကြီးဌာန ကလည်း ဦးဌေးအောင်ကို ဌာန အပေါ် ပုတ်ခတ်မပြောဆိုရန် သတိပေးစာများ ထုတ်ပြန်ဖူး သလို နန်းမြိုင်ဟိုတယ်နှင့်ပတ် သက်၍ အကြွေးငွေရယူလိုသဖြင့် တရားစွဲခဲ့ဖူးသည်။

ယခုပိတ်သိမ်းမည့် ဗိုလ်တ ထောင်ရှိ Orchid ဟိုတယ်ကို ၁၉၉၃ တွင် စတင်ဆောက်လုပ်ပြီး နန်းမြိုင်ဟိုတယ်ကို ၂၀၁၃ တွင် စတင်ခဲ့သည်။

7Day

0 comments:

Post a Comment