Wednesday, July 18, 2018

ကုန်ဈေးနှုန်းမြင့်တက်နေသည်ဆိုသော်လည်း အခြေခံစားကုန်များ ဈေးနှုန်းကြီးမြင့်ခြင်းမတွေ့ရသေးဟု ဦးဖြိုးမင်းသိန်းပြော


လက်ရှိတွင် ကုန်ဈေး နှုန်းမြင့်တက်နေသည်ဆိုသော် လည်း အခြေခံစားကုန်များဈေး နှုန်းကြီးမြင့်ခြင်းမတွေ့ရသေး ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဘီဘီစီသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင်   ပြောကြားခဲ့သည်။

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း သည် ဇူလိုင် ၁၆ ရက်က ယင်းသတင်းဌာနနှင့် တွေ့ဆုံပြီး လက်ရှိကုန်ဈေးနှုန်းအခြေအနေအပြင် ရန်ကုန်မြို့တွင်း ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်သော ဖြေကြားမှုများကို ဘီဘီစီသတင်းဌာနက ဇူလိုင် ၁၇ ရက်တွင် ဖော်ပြခဲ့သည်။

ဦးဖြိုးမင်းသိန်းက ကုန်ဈေး နှုန်းနှင့် ပတ်သက်၍ တည်ငြိမ်ရန် ထုတ်ကုန်၊ ၀ယ်ယူနိုင်စွမ်းအား၊ လူအများ၏ သုံးစွဲနိုင်မှု အခြေ အနေများကို ချိန်ညှိရမည်ဟု ဆို သည်။

ထို့အပြင် ငွေကြေးတန်ဖိုး တည်ငြိမ်မှုရရှိစေရန် အစိုးရဘက် ပိုင်းက ဆောင်ရွက်သွားရမည်ဖြစ် ပြီး ကမ္ဘာ့စီးပွားရေးရိုက်ခတ်မှု ကြောင့် ဒေါ်လာဈေး၊ ရွှေဈေး ပြောင်းလဲမှုအရ ထိုသို့အခြေအ နေများရှိလာကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

မြန်မာကျပ်ငွေတန်ဖိုးသည် ငွေကြေးဖောင်းပွမှုနှုန်းများစွာမရှိ ဘဲ ကမ္ဘာ့စီးပွားရေးရိုက်ခတ်မှုက မြန်မာနိုင်ငံအပေါ် သက်ရောက်မှု ရှိစေခဲ့ကြောင်း ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်ဟု သတင်းဌာန က ဖော်ပြသည်။

ဆက်စပ်သတင်းများအရ ဇူလိုင် ၁၇ ရက်က အမေရိကန်ဒေါ် လာငွေလဲနှုန်းသည် တစ်ဒေါ်လာ လျှင် ၁,၄၁၇ ကျပ်အထိရောက်ရှိခဲ့ ကြောင်း နိုင်ငံခြားငွေလဲလှယ်ရေး ဈေးကွက်က ဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် ဖွံ့ဖြိုး မှုအတွက် အရှိန်ယူနေရချိန်တွင် ရခိုင်အရေးက နိုင်ငံအပေါ် ဂယက်တစ်ခုဖြစ်စေခဲ့ကြောင်း ၀န်ကြီးချုပ်က ပြောသည်။

မြန်မာနိုင်ငံတွင် အဘက်ဘက်၌ လိုအပ်ချက်များစွာရှိနေပြီး ယင်းလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် တဖြည်းဖြည်းချင်းဆောင်ရွက်ရမည်ဟု ၎င်းက ပြောကြားခဲ့ကြောင်း အဆိုပါသတင်း ဌာနက ဆက်လက်ဖော်ပြသည်။

လက်ရှိတွင် အခြေခံစား သောက်ကုန်ဈေးနှုန်းကြီးမြင့်မှုကို ပြည်သူအများစုကြုံတွေ့ခံစား နေချိန်၌  ၀န်ကြီးချုပ် ဦးဖြိုးမင်း သိန်းအနေဖြင့် မည်သည့်ဈေး ကွက်အခြေအနေကိုကြည့်၍ မှတ် ချက်ပြုပြောကြားသည်ကို သိလို ကြောင်း အခြေခံအလုပ်သမားအ ဖွဲ့အစည်းခေါင်းဆောင် ဒေါ်ဥမ္မာ က ဆိုသည်။

‘‘ကုန်ဈေးနှုန်းကြီးတယ်လို့ အသံထွက်တာ    အခြေခံစား သောက်ကုန်တွေဈေးတက်လို့ ပြောတာလေ။ သူ့ (၀န်ကြီးချုပ်) အနေနဲ့ ဘယ်ဟာကို အခြေခံပြီး တွက်လည်းတော့ မပြောတတ် ဘူး။ ဖြစ်နိုင်ရင် ကိုယ်တိုင်ဈေးထဲ တစ်ရက်လောက်သွားပြီး အခြေ အနေအမှန်တွေကို နားထောင်စေ ချင်တယ်’’ဟု ၎င်းက ပြောသည်။

7Day



0 comments:

Post a Comment