Monday, June 1, 2020

ရဲအရာရှိတစ်ဦး၏ သံသယရှိသူတရားခံကို ညှင်းပမ်းနှိပ်စက်သတ်ဖြတ်သလိုလုပ်ရပ်ကြောင့် ဆန္ဒပြမှု ဥရောပအထိ ကူးစက်

အမေရိကန်နိုင်ငံတွင် ရဲအရာရှိတစ်ဦးရဲ့လူပုံအလယ်မှာ သံသယရှိသူတရားခံကို မဆင်မခြင်အသားရောင်မုန်းတီးရေးဝါဒကိုအခြေခံပြီး ညှင်းပမ်းနှိပ်စက်သတ်ဖြတ်သလိုလုပ်ရပ်ကြောင့် ဒေါသထွက်နေတဲ့ဆန္ဒပြတဲ့ပြည်သူတွေဟာ ဥရောပအထိ ကူးစက်ပြန့်နှံလာခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ Covid-19 ကူးစက်ခံထားရသူလူပေါင်း ၁.၈ သန်းကျော်လာပြီး သေဆုံးဦးရေဟာလည်း ၁ သိန်းကျော်တဲ့အထိ ကမ္ဘာမှာစံချိန်တင်နေယူထားတဲ့ အမေရိကန်ကတော့ နောက်ထပ်လူမည်းတစ်ဦးဆေဆုံးမှုပြသနာကြောင့် မြို့ပေါင်း ၂၀ ကျော်မှာဆန္ဒပြကြတဲ့ လူအုပ်ကြီးက Covid ရောဂါကိုလည်းမကြောက်ကြတော့ပါဘူး ၊ Minneapolis နဲ့ San Francisco ကိုတော့ Curfew အမိန့်ထုတ်ထားပြီး မနေ့ကတော့ Las Vegas မြို့ဆန္ဒပြခေါင်းဆောင် ၈၀ နီးပါအဖမ်းခံရပြီး ၁၂ ဦးဒဏ်ရာရရှိခဲ့ပါတယ် ။
မနေ့က ဥရောပနိုင်ငံတွေဖြစ်တဲ့ အင်္ဂလန်နဲ့ဂျာမဏီအထိ ဆန္ဒပြကျတဲ့လူအုပ်ကြီးလမ်းပေါ်ထွက်လာပြီး အမေရိကန်သံရုံးနဲ့ ပါလီမန်ကိုချီတက်ဆန္ဒပြကြလို့ အဖမ်းခံရတဲ့သူတွေလည်း ရှိနေပါတယ်။
crd-SiThu Maung #Myanmar_Online_News
>>zawgyi<<

0 comments:

Post a Comment