Monday, June 1, 2020

လက်ရှိ မြန်မာနိုင်ငံတွင်Covid-19 အတည်ပြုလူနာ (၂၂၈) ဦးရှိနေပြီး တစ်ကမ္ဘာ လုံးတွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃.၇သိန်းကျော်ရှိလာပြီဖြစ်ကာ ရောဂါကူးစက်ခံရသူ ၆.၂သန်းကျော်အထိ မြင့်တက်နေ

တစ်ကမ္ဘာလုံးတွင် ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်မှာ ဇွန်လ ၁ ရက်နေ့ နံနက် ၇:၀၀ အချိန်အထိ သေဆုံးသူ စုစုပေါင်း (၃၇၃,၈၄၈) ဦးရှိလာပြီဖြစ်ကြောင်း တရုတ်ဆေးဘက်ဆိုင်ရာ အရာရှိများ၏ သတင်းထုတ်ပြန်ချက်များအရသိရှိရပြီး ရောဂါကူးစက်ခံရသူ အရေအတွက်မှာလည်း စုစုပေါင်း (၆,၂၆၂,၄၂၂) ဦး ကူးစက်ခံထားရကြောင်း သိရသည်။
မြန်မာနိင်ငံတွင် (၂၃-၃-၂၀၂၀)ရက်နေ့မှ (၁-၆-၂၀၂၀)ရက်နေ့၊ နံနက် (၇:၀၀) နာရီ အချိန်အထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၂၂၈)ဦး၊ ပိုးတွေ့ပြန်လည်သက်သာလူနာ (၁၃၈)ဦးနှင့် ပိုးတွေ့သေဆုံးလူနာ (၆)ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။

0 comments:

Post a Comment