Wednesday, June 3, 2020

ပင်တဂွန်စစ်ဌာနချုပ်မှ ဝါရှင်တန်မြို့အနီးသို့ စစ်အင်အား ၁,၆၀၀ ခန့် စေလွှတ်

ဝါရှင်တန်မြို့တွင် ညပေါင်းများစွာ အကြမ်းဖက်ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ပင်တဂွန်စစ်ဌာနချုပ်မှ အဆိုပါနယ်မြေများသို့ စစ်အင်အား ၁,၆၀၀ ခန့် စေလွှတ် ခဲ့ကြောင်း ဇွန်လ ၂ ရက်နေ့က ပြောကြားခဲ့ပါသည်။
မြို့တော်၏ တစ်စိတ်တစ်ပိုင်းဖြစ်သော စစ်တပ်၊ အမိမြေလုံခြုံရေးဌာနနှင့် ဒေသ ဆိုင်ရာ အစိုးရအေဂျင်စီများရှိရာ စစ်အခြေစိုက်စခန်းများတွင် စစ်သည်များအား အချိန် ပြည့်ထားရှိမည်ဖြစ်သော်လည်း ဝါရှင်တန်ဒီစီတွင် ထားမည်မဟုတ်ကြောင်း ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူ Jonathan Rath Hoffman မှ ထုတ်ပြန်ချက်တွင် ပြောကြားခဲ့ ပါသည်။
အဆိုပါ တပ်ဖွဲ့များသည် အရှိန်အဟုန်မြှင့်သည့် တပ်လှန့်မှုအခြေအနေတွင်ရှိနေ သော်လည်း အရပ်ဘက်အာဏာပိုင်လုပ်ငန်းများအတွက် ကာကွယ်ရေးကူညီထောက်ပံ့ မှုတွင် ပါဝင်မည်မဟုတ်ကြောင်း ၎င်းမှ ပြောကြားခဲ့ပါသည်။ အဆိုပါ တပ်ဖွဲ့များအား ဝါရှင်တန်ရှိ နယ်မြေများသို့ စေလွှတ်မည်ဖြစ်ကြောင်း အကြီးတန်းကာကွယ်ရေးအရာရှိများမှ ဇွန်လ ၁ ရက်နေ့က ပြောကြားခဲ့ပါသည်။
ဝါရှင်တန်သို့ စေလွှတ်ခဲ့သည့်တပ်ဖွဲ့များတွင် ခြေလျင်တပ်ရင်းနှင့်အတူ တပ်ရဲများ နှင့် အင်ဂျင်နီယာစွမ်းရည်ရှိသူများပါဝင်ကြောင်း Hoffman မှ ပြောကြားခဲ့ပါသည်။
Ref ; CNA

0 comments:

Post a Comment