
ကချင်ပြည်နယ် မိုးညှင်းခရိုင် အင်းတော်ကြီးဒေသလုံးစန့်ကျေးရွာရှိ ခြံဝင်းတစ်ခုအတွင်းမှာ ဖမ်းဆီးရမိခဲ့သည့်တရားမဝင်သစ်စက်နှင့် ကျွန်းသစ်လုံးများ ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်တွင် ပါဝင်ပါတ်သက်မှုရှိသည်ဟု ယူဆရသော ကချင်ပြည်နယ် အမျိုးသားလွတ်တော် မဲဆန္ဒနယ်အမှတ်(၇) မိုးညှင်းခရိုင် အဟိုပင်/အင်းတော်ကြီးဒေသ အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဦးဝင်းဇော်အား NLD ပါတီမှစစ်ဆေးအရေးယူသွားမယ်လို့ မေလ ၃၁ ရက် နေ့ က နေပြည်တော်စည်ပင်ရိပ်သာမှာ ပြုလုပ်ခဲတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီCEC အစည်းအဝေးမှာ NLDပါတီစည်းကမ်းထိမ်းသိမ်းရေးကော်မတီကထ ည့်သွင်းပြောကြားခဲ့ကြောင်းသိရသည် ။
ပြီးခဲ့သည့် မေလ ၂၄ ရက်နေ့ မှာ သစ်တောဌာန ဦးစီးအရာရှိတွေ ပါဝင်တဲ့ အဖွဲတစ်ဖွဲ့က သတင်းအရ အင်းတော်ကြီးဒေသ လုံးစန့်ကျေးရွာရှိ အိမ်မိုးသွတ်များဖြင့်ကာရံထားသောခြံဝင်းတစ်ခုအား ဝင်ရောက်ရှာဖွေရာ တရားမဝင်သစ်ခွဲစက်နှင့် ဆက်စပ်ပစ္စည်းများ နှင့် ကျွန်းသစ် အလုံးရေ ၇၀ ကျော်တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ၎င်း ခြံပိုင်ရှင်မှာ အမျိုးသားလွတ်တော်ကိုယ်စားလှယ်ပိုင်ဆိုင်သည့်ခြံဝင်းဖြစ်ကြောင်း သိရှိရပြီး NLD ပါတီအမျိုးသားလွတ်တော်ကိုယ်စားလှယ် ဦးဝင်းဇော် မှ ၎င်းလုပ်ငန်းမှာ သူနှင့်မသက်ဆိုင်ဘူးဟုငြင်းဆို ထားကြောင်း တရားမဝင်မီဒီယာတစ်ခု မှာ ရေးသားခဲ့သည့်အတွက် ဦးဝင်းဇော်မှ ၎င်း မီဒီယာအား အ ရေးယူပေးရန် မီဒီယာ ကောင်စီထံတိုင်ကြား ခဲ့ကြောင်း၊ ယခုလက်ရှိအချိန် ထိ ဖမ်းမိသည့် သစ်စက်လုပ်ငန်းနှင့် တရားမဝင်ကျွန်းသစ်လုံးများ နဲ့ဆက်စပ်တရားခံများအား စုံစမ်းဖော်ထုတ်လျက်ရှိနေကြောင်း ဒေသခံအချို့ရဲ့ ပြောဆိုချက်သတင်းတွေအရ ၎င်း ခြံမှာဦးဝင်းဇော်ပိုင်ခြံ မှန်ကန်ကြောင်းသစ်စက်လုပ်ငန်းမှာအမျိုး တော်စပ်သူများဦးစီးလုပ်ဆောင်နေတဲ့လုပ်ငန်းတစ်ခု ဖြစ်နိုင်ကြောင်း ပြီးခဲ့သည့်နှစ်က ဖွင့်လှစ်ခဲ့သော လုံးတုံမြို့အုပ်ချုပ်ရေးမှူးရုံးအဆောက်အဦးအတွက် ဆောက်လုပ်သည့် ကုမ္ပဏီမှ လိုအပ်သည့် ကျွန်းတံခါးချပ် တံ ခါးပျဉ် နှင့် ကျည်းခွေ များအခြားသစ်များကို ၎င်း သစ်စက်မှ ဝယ်ယူခဲ့ကြောင်း ဆက်စပ် ဖော်ထုတ်ရရှိ ထားသဖြင့် မိမိတို့ NLD ပါတီမှ ပါတီဝင်တစ်ဦး အမျိုးသားလွတ်တော်ကိုယ်စားလှယ် တစ်ဦးအနေဖြင့် ပါတီစည်းကမ်းများနှင့် မညီညွတ်သည်များကို လုပ်ဆောင်နေသည်ဟု ယူဆသဖြင့် ပါတီမှ စစ်ဆေးပြီး၎င်းသစ်စက်နှင့် ကျွန်းသစ်လုံးများကိစ္စတွင် အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဦးဝင်းဇော် အနေဖြင့် အမှန်တ ကယ် ပါတ်သက်မှု ရှိခဲ့သည်ဆိုပ်က ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွား မယ် လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဗဟိုစည်းကမ်းထိမ်းသိမ်းရေး ကော်မတီဥက္ကဌ ဦးဉာဏ်ဝင်းက ထည့်သွင်းပြောကြား ခဲ့ကြောင်း သိရသည်။

Ref ; Forward media group






0 comments:
Post a Comment