Wednesday, June 3, 2020

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့သို့ ဆိုင်ကလုန်းမုန်တိုင်း ချဉ်းကပ်လာနေ၍ လူပေါင်းသောင်းချီ ဘေးလွတ်ရာ ရွှေ့ပြောင်း

အာရေဘီးယန်း ပင်လယ်ကို ဖြတ်ကျော်ကာ အိန္ဒိယနိုင်ငံ ကမ်းရိုးတန်းမြို့ မွမ်ဘိုင်းသို့ ဦးတည်ရွေ့လျားလာနေသည့် ဆိုင်ကလုန်းမုန်တိုင်းတစ်ခုသည် ယခုအခါ အရှိန်ပိုမြင့်လာခဲ့ပြီဖြစ်ကြောင်း လေ့လာခန့်မှန်းသူများက ပြောသည်။
အနောက်တောင်ဘက်ကနေ ရွေ့လျားချဉ်းကပ်လာနေသည့် ဆိုင်ကလုန်းမုန်တိုင်း နီဆာဂါသည် ၁၈၉၁ ခုနှစ်နောက်ပိုင်း မွမ်ဘိုင်းမြို့သို့ ပထမဆုံး ဝင်ရောက်မည့် ဆိုင်ကလုန်း မုန်တိုင်းတစ်ခုလည်း ဖြစ်လာမည် ဖြစ် သည်။
မုန်တိုင်း အန္တရာယ်ကြောင့် လူပေါင်း သောင်းနှင့်ချီတို့ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားကြပြီး ဖြစ်သည်။
လူဦးရေ သန်း ၂၀ ခန့် ရှိသည့် မွမ်ဘိုင်းမြို့သည် အိန္ဒိယ၏ လူဦးရေအထူထပ်ဆုံးနှင့် ဘဏ္ဍာရေးအချက် အ ချာ မြို့ ဖြစ်ပြီး လက်ရှိအချိန်တွင်လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုဒဏ် ခံစားထားရသည့် မြို့တစ်မြို့ ဖြစ်သည်။
ဆိုင်ကလုန်းမုန်တိုင်းသည် ယခုအခါ မွမ်ဘိုင်းမြို့မှ ၂၁၅ ကီလိုမီတာ (၁၃၄ မိုင်) အကွာတွင် ရှိနေပြီး အင်အားပြင်း မုန်တိုင်းတစ်ခုအဖြစ် အရှိန်မြင့်လာနေကြောင်း အိန္ဒိယ မိုးလေဝသဌာနက ထုတ်ပြန်ထားသည်။
Ref : BBC Photo : EPA

0 comments:

Post a Comment