
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ အိုးဘိုတောင်ရပ်ကွက် DENKO စက်သုံးဆီဆိုင်၏ အနောက်ဘက်အနီး အရိပ်ရသစ်ပင်အောက်တွင် မေလ ၃၀ ရက်နေ့ မနက် ၁၀ နာရီ ၂၀ မိနစ်အချိန်က နားခိုနေသည့် သူနာပြုဆရာမစုံတွဲအား လူလေးဦးမှ အကြမ်းဖက်လုယက်ခဲ့ကြောင်း မုံရွာမြို့မရဲစခန်းမှ အမှုရေးဖွင့် မှတ်တမ်းတင်ထား သည်။
မုံရွာမြို့ ပြည်ထောင်စုလမ်းရှိ ပြင်ပ အထူးကုဆေးရုံတစ်ခုတွင် တာဝန်ထမ်းဆောင်လျက်ရှိသော သူနာပြုဆရာမတစ်ဦးသည် သူမ၏ ခင်ပွန်လောင်းနှင့်အတူ အရိပ်ရသစ်ပင်အောက်တွင် နားခိုနေစဉ် ဆေးမှင်ကြောင် များရေးထိုးထားသည့် အမည်မသိ လူလေးဦးသည် သစ်ပင်နောက်မှ ရုတ်တရက်ရောက်ရှိလာပြီး သူနာပြု ဆရာမ၏ ခင်ပွန်းလောင်အား ဓားဖြင့်ထောက်ကာ လက်သီးဖြင့် ဝိုင်းဝန်းထိုးကြိတ်ပြီး “အရက်ဖိုးပေး” ဟု ပြောဆိုတောင်းရမ်းခဲ့သည်။
ထိုအချိန်တွင် သူနာပြုဆရာမသည် ထွက်ပြေးခဲ့ရာ ယင်း လူလေးဦးမှ “ ကောင်းမလေး မပြေးနဲ့ ပြေးရင် ဒီကောင်ကို သတ်ပစ်မယ် ” ဟုပြောဆိုပြီး သူနာပြု၏ ခင်ပွန်လောင်းအား ဓားဖြင့် နှစ်ချက်ထိုးကာ တုတ်ဖြင့် အကြမ်းဖက် ရိုက်နှက်ခဲ့သည်။ ထို့အ ပြင် သူနာပြုဆရာမ၏ ငွေကျပ် ၁၅၅၅၁၅ ကျပ်( တစ်သိန်း ငါးသောင်း ငါးထောင့်ငါးရာ တစ်ဆယ့်ငါးကျပ်) ပါ လက်ကိုင်ပိုက်ဆံအိတ်နှင့် လက်ကိုင်ဖုန်းများကို ထိုသူများက လုယူထွက်ပြေးသွားခဲ့ သည်။
အဆိုပါ ဇြစ်စဉ်နှင့် ပတ်သက်၍ မုံရွာမြို့မရဲစခန်းမှူး ဒုရဲမှူး ဝင်းနိုင်မှ “ အဲ့ဒီအမှုကို ပြစ်မှုကြီးအမှတ်စဉ် ၈/ ၂၀၂၀ ၊ ရဲစခန်း(ပ) ၅၈၃ /၂၀၂၀ ၊ ရာဇသတ်ကြီး ပုဒ်မ ၃၉၄ အရ အရေးယူဆောင်ရွက်လျက်ရှိတယ် ” ပြောသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အမှုမှန် အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် မုံရွာခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး သောင်းညွှန့်မှ အနီးကပ်ကြီးကြပ်၍ မုံရွာခရိုင် မှုခင်းနှိမ်နင်းရေးအဖွဲ့ (မှု/နှိမ်) မုံရွာမြို့မရဲစခန်း နယ်ထိန်းအဖွဲ့ နှင့် တိုင်းမှုကူအဖွဲ့များ ပူးပေါင်းကာ အကြဖမ်းဖက်လုယက်သူများကို ခြေရာခံစုံစမ်းဖော်ထုတ်ခဲ့ ရာ ယခုလ ၂ ရက်နေ့ မနက်ပိုင်းက မုံရွာခရိုင်မှုခင်းနှိမ်နင်းရေးအဖွဲ့မှ လုယက်ကျူးလွန်သူ လူလေးဦးအနက် သုံးဦးအား လုယက်ပါ ဖုန်းများနှင့်အတူ လုယက်မှုကျူးလွန်ခဲ့စဉ်က အသုံးပြုသော ဓားဦးချွန် တစ်လက် ၊ တုတ်တစ်ချောင်းတို့နှင့်အတူ လက်ရ ဖမ်းဆီးရရှိခဲ့သည်။
“ အခု လုယက်မှုကျူးလွန်သူတွေဟာ ၃၈၀ / ကျင့် ၅၄ အရ မုံရွာထောင်မှာ အကျဉ်းကျခံဖူးသူတွေဖြစ်တယ် ထောင်ကလွတ်လာတာ မကြာသေးဖူး” မှုခင်းနှိမ်နင်းရေး အဖွဲ့ခေါင်းဆောင် ရဲအုပ် ညိုသက်ဝင်းမှ ပြောသည်။
မုံရွာမြို့ပေါ်တွင် ဖြစ်ပွားခဲ့သည့် လုယက်မှုများနှင့် ပတ်သက်၍ မုံရွာမြို့မရဲစခန်း၏ မှတ်တမ်းများအရ လု ယက်မှု ကျူးလွန်သူ လူအယောက် ၂၀ ကျော်အား ယခုနှစ် ပထမ ခြောက်လအတွင်း ဖော်ထုတ်ဖမ်းဆီး၍ တရားဥပ ဒေနှင့်အညီ အမှုဖွင့် တရားစွဲဆို အရေးယူထားကြောင်း အဆိုပါ ရဲစခန်းမှ သိရသည်။



သတင်း + ဓာတ်ပုံ ၊ ကိုတိုးကြီး (မုံရွာ)
0 comments:
Post a Comment