Monday, June 1, 2020

ဩစတြေးလျနိုင်ငံတွင် စီးပွားရေးပြန်လည်ထူထောင်မှု ဆောင်ရွက်ချက်များ အရှိန် အဟုန်မြင့်လာသည့်အတွက် social distancing ဆိုင်ရာ ကန့်သတ်ချက်များအား လျှော့ချလျက်ရှိ

Canberra မြို့သည် နိုင်ငံ၏ စီးပွားရေးကျဆင်းနေမှုကို ပြန်လည်နာလန်ထူနိုင်ရန် ဆောင်ရွက်နေသည့်အတွက် အများပြည်သူဆိုင်ရာနေရာများနှင့် စားသောက်ဆိုင် များအား ပြန်လည်ဖွင့်လှစ်ခွင့်ပေးခဲ့ပြီး ဇွန်လ ၁ ရက်နေ့တွင် ဩစတြေးလျနိုင်ငံရှိ ပြည်နယ်အများအပြားသည် social distancing ဆိုင်ရာ ကန့်သတ်ချက်များအား လျှော့ချပေးခဲ့ပါသည်။
ဩစတြေးလျနိုင်ငံတွင် Coronavirus ရောဂါ ကူးစက်ခံရသူ ၇,၂၀၀ ဦး ရှိပြီး သေဆုံးသူ ၁၀၃ ဦး ရှိပါသည်။ ယခုအချိန်တွင် Coronavirus ရောဂါ ထပ်မံ ကူးစက်မှု များသည် ထိန်းချုပ်မှုအောက်တွင်ရှိနေပြီး ဇူလိုင်လတွင် ထိန်းချုပ်မှုများကို ဖယ်ရှားရန် အဆင့် ၃ ဆင့် ဖြင့် အစီအစဉ်တစ်ခု စတင်လုပ်ဆောင်ခဲ့ပါသည်။
ဩစတြေးလျနိုင်ငံ၏ လူဦးရေအထူထပ်ဆုံးပြည်နယ်ဖြစ်သော New South Wales (NSW) ပြည်နယ်ရှိ ကဖေးဆိုင်များနှင့် စားသောက်ဆိုင်များတွင် စားသုံးသူ ၅၀ ဦး အတွက် နေရာတည်ခင်းရောင်းချခွင့်ပြုခဲ့ပြီး ဈာပနာအခမ်းအနားပွဲတစ်ခုတွင် လူ ၂၀ ဦး ခန့် တက်ရောက်ခွင့်ပြုခဲ့ပါသည်။ ၎င်းနေရာများတွင် ယခင်က ၁၀ ဦး အထိသာ ခွင့်ပြု ထားပါသည်။
ဆစ်ဒနီမြို့ရှိ Taronga တိရစ္ဆာန်ရုံ၊ ၊ အနုပညာပြခန်းများ၊ ပြတိုက်များနှင့် စာကြည့်တိုက်များကဲ့သို့ အများပြည်သူဆိုင်ရာ နေရာများကိုလည်း ပြန်လည်ဖွင့်လှစ်ခွင့် ပေးခဲ့ပါသည်။
ပြန်လည်ဖွင့်လှစ်မှုနှင့်ပတ်သက်၍ သတိထားလုပ်ဆောင်ခဲ့သည့် ဗစ်တိုးရီးယား ပြည်နယ်တွင် စားသောက်ဆိုင်များနှင့်ကဖေးများအား ဇွန်လ ၁ ရက်နေ့က ပြန်လည် ဖွင့်လှစ်နိုင်ခဲ့ပါသည်။ သို့သော် နေရာတည်ခင်းမှုတွင် ၂၀ ဦး အထိသာ ခွင့်ပြုထား ပါသည်။
ဩစတြေးလျနိုင်ငံအနေဖြင့် ကန့်သတ်ချက်များဖယ်ရှားခြင်းသည် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို တိုးမြှင့်စေလိမ့်မည်ဟု မျှော်လင့်သော်လည်း ဝန်ကြီးချုပ် Scott Morrison မှ သတ်မှတ်ထားရမည့်အရာများ ရှိရမည်ဖြစ်ကြောင်း ထပ်မံပြောကြားခဲ့ပါသည်။
ဩစတြေးလျအစိုးရနှင့် ဗဟိုဘဏ်သည် စီးပွားရေးလှုံ့ဆော်မှုများတွင် ဩစတြေးလျ ဒေါ်လာ ၂၅၀ ဘီလီယံ (အမေရိကန် ဒေါ်လာ ၁၆၇ ဘီလီယံ) ခန့် အာမခံ ပေးမည်ဖြစ်သော်လည်း ၎င်းသည် စက်တင်ဘာလတွင် ကုန်ဆုံးမည်ဖြစ်သည်။
ဝန်ကြီးချုပ် Morrison မှ ၎င်း၏ အစိုးရသည် ဖက်ဒရယ်အခြေခံအဆောက်အအုံ စီမံကိန်းများအား ဆက်လက်ဝယ်ယူမည်ဖြစ်သော်လည်း ပြုပြင်မွမ်းမံမှုများ ပြုလုပ်ရန် အတွက် အိမ်ပိုင်ရှင်များအား တစ်ကြိမ်ထောက်ပံ့ငွေပေးမည့်အစီအစဉ်ကို စဉ်းစား လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။
ဝန်ကြီးချုပ် Morrison မှ “COVID-19 အကျပ်အတည်းမှ ထွက်ပေါ်လာမည့် တစိတ်တပိုင်းကတော့ မိမိတို့၏ အခြေခံအဆောက်အအုံ အသုံးစရိတ်ဖြစ်ပါတယ်” ဟု 2GB ရေဒီယိုဌာနသို့ ပြောကြားခဲ့ပါသည်။
crd-Channel News Asia #Myanmar_Online_News
>>zawgyi<<
ဩစတြေးလျနိုင်ငံတွင် စီးပွားရေးပြန်လည်ထူထောင်မှု ဆောင်ရွက်ချက်များ အရှိန် အဟုန်မြင့်လာသည့်အတွက် social distancing ဆိုင်ရာ ကန့်သတ်ချက်များအား လျှော့ချလျက်ရှိ
Monday, June 1, 2020
Canberra မြို့သည် နိုင်ငံ၏ စီးပွားရေးကျဆင်းနေမှုကို ပြန်လည်နာလန်ထူ နိုင်ရန် ဆောင်ရွက်နေသည့်အတွက် အများပြည်သူဆိုင်ရာနေရာများနှင့် စားသောက်ဆိုင် များအား ပြန်လည်ဖွင့်လှစ်ခွင့်ပေးခဲ့ပြီး ဇွန်လ ၁ ရက်နေ့တွင် ဩစတြေးလျနိုင်ငံရှိ ပြည်နယ်အများအပြားသည် social distancing ဆိုင်ရာ ကန့်သတ်ချက်များအား လျှော့ချပေးခဲ့ပါသည်။
ဩစတြေးလျနိုင်ငံတွင် Coronavirus ရောဂါ ကူးစက်ခံရသူ ၇,၂၀၀ ဦး ရှိပြီး သေဆုံးသူ ၁၀၃ ဦး ရှိပါသည်။ ယခုအချိန်တွင် Coronavirus ရောဂါ ထပ်မံ ကူးစက်မှု များသည် ထိန်းချုပ်မှုအောက်တွင်ရှိနေပြီး ဇူလိုင်လတွင် ထိန်းချုပ်မှုများကို ဖယ်ရှားရန် အဆင့် ၃ ဆင့် ဖြင့် အစီအစဉ်တစ်ခု စတင်လုပ်ဆောင်ခဲ့ပါသည်။
ဩစတြေးလျနိုင်ငံ၏ လူဦးရေအထူထပ်ဆုံးပြည်နယ်ဖြစ်သော New South Wales (NSW) ပြည်နယ်ရှိ ကဖေးဆိုင်များနှင့် စားသောက်ဆိုင်များတွင် စားသုံးသူ ၅၀ ဦး အတွက် နေရာတည်ခင်းရောင်းချခွင့်ပြုခဲ့ပြီး ဈာပနာအခမ်းအနားပွဲတစ်ခုတွင် လူ ၂၀ ဦး ခန့် တက်ရောက်ခွင့်ပြုခဲ့ပါသည်။ ၎င်းနေရာများတွင် ယခင်က ၁၀ ဦး အထိသာ ခွင့်ပြု ထားပါသည်။
ဆစ်ဒနီမြို့ရှိ Taronga တိရစ္ဆာန်ရုံ၊ ၊ အနုပညာပြခန်းများ၊ ပြတိုက်များနှင့် စာကြည့်တိုက်များကဲ့သို့ အများပြည်သူဆိုင်ရာ နေရာများကိုလည်း ပြန်လည်ဖွင့်လှစ်ခွင့် ပေးခဲ့ပါသည်။
ပြန်လည်ဖွင့်လှစ်မှုနှင့်ပတ်သက်၍ သတိထားလုပ်ဆောင်ခဲ့သည့် ဗစ်တိုးရီးယား ပြည်နယ်တွင် စားသောက်ဆိုင်များနှင့်ကဖေးများအား ဇွန်လ ၁ ရက်နေ့က ပြန်လည် ဖွင့်လှစ်နိုင်ခဲ့ပါသည်။ သို့သော် နေရာတည်ခင်းမှုတွင် ၂၀ ဦး အထိသာ ခွင့်ပြုထား ပါသည်။
ဩစတြေးလျနိုင်ငံအနေဖြင့် ကန့်သတ်ချက်များဖယ်ရှားခြင်းသည် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို တိုးမြှင့်စေလိမ့်မည်ဟု မျှော်လင့်သော်လည်း ဝန်ကြီးချုပ် Scott Morrison မှ သတ်မှတ်ထားရမည့်အရာများ ရှိရမည်ဖြစ်ကြောင်း ထပ်မံပြောကြားခဲ့ပါသည်။
ဩစတြေးလျအစိုးရနှင့် ဗဟိုဘဏ်သည် စီးပွားရေးလှုံ့ဆော်မှုများတွင် ဩစတြေးလျ ဒေါ်လာ ၂၅၀ ဘီလီယံ (အမေရိကန် ဒေါ်လာ ၁၆၇ ဘီလီယံ) ခန့် အာမခံ ပေးမည်ဖြစ်သော်လည်း ၎င်းသည် စက်တင်ဘာလတွင် ကုန်ဆုံးမည်ဖြစ်သည်။
ဝန်ကြီးချုပ် Morrison မှ ၎င်း၏ အစိုးရသည် ဖက်ဒရယ်အခြေခံအဆောက်အအုံ စီမံကိန်းများအား ဆက်လက်ဝယ်ယူမည်ဖြစ်သော်လည်း ပြုပြင်မွမ်းမံမှုများ ပြုလုပ်ရန် အတွက် အိမ်ပိုင်ရှင်များအား တစ်ကြိမ်ထောက်ပံ့ငွေပေးမည့်အစီအစဉ်ကို စဉ်းစား လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။
ဝန်ကြီးချုပ် Morrison မှ “COVID-19 အကျပ်အတည်းမှ ထွက်ပေါ်လာမည့် တစိတ်တပိုင်းကတော့ မိမိတို့၏ အခြေခံအဆောက်အအုံ အသုံးစရိတ်ဖြစ်ပါတယ်” ဟု 2GB ရေဒီယိုဌာနသို့ ပြောကြားခဲ့ပါသည်။
crd-Channel News Asia #Myanmar_Online_News

0 comments:

Post a Comment