Monday, June 1, 2020

အမေရိကန် ရဲအရာရှိ၏ဟောင်း ဇနီးက ခင်ပွန်းအား ကွာရှင်းပြတ်စဲခွင့်တောင်းခဲ့ပြီး ဂျော့ဂျ်ဖလွိုက်သေဆုံးမှုအတွက် ဝမ်းနည်းပက်လက်ဖြစ်ရပါကြောင်း ပြောကြား

အမေရိကန်ပြည်ထောင်စု၊ မင်နီဆိုတာပြည်နယ်၊ မင်နီပူးလီးစ် မြို့တွင် မေလ ၂၅ ရက်က လူမည်း အမျိုး သား ဂျော့ဂျ်ဖလွိုက် ကိုဖမ်းဆီးချုပ်နှောင်ရာမှ အသက်သေသည်အထိကျုးလွန်ခဲ့မိသော ရဲအရာရှိဟောင်း ဒီရက်ချောဗင် ၏ ဇနီးဖြစ်သူ ကယ်လီချောဗင် ခင်ပွန်းဖြစ်သူကို ကွာရှင်းခွင့်ပြုရန် အမှုဖွင့်လျှောက်ထားခဲ့ကြောင်း မေလ ၂၉ ရက်က ရှေ့နေဖြစ်သူမှတဆင့်ထုတ်ဖေါ် ကြေညာခဲ့သည်။
ကယ်လီချောဗင်က ဂျော့ဂျ်ဖလွိုက်သေဆုံးမှုအတွက် ဝမ်းနည်းပက်လက်ဖြစ်ရပါကြောင်းနှင့် ဂျော့ဂျ် ဖလွိုက်၏ မိသားစုဝင်များ၊ ချစ်ခင်ရင်းနှီးသူများနှင့် ဝမ်းနည်းပူဆွေးဖြစ်ရသူအားလုံးအတွက် စာနာမိပါကြောင်း ရှေ့နေမှတဆင့်ပြောကြားခဲ့သည်။
၎င်းတို့ ဇနီးမောင်နှံလက်ထပ်ခဲ့သည်မှာ ဆယ်နှစ်ခန့်ရှိပြီဟုလည်းသိရသည်။ ကယ်လီချောဗင် မှာ လာအိုနိုင်ငံဇာတိဖြစ်ပြီး ၁၉၇၄ ခုနှစ်တွင်မွေးဖွားခဲ့သည်။
၎င်းတို့မိသားစုက မိခင်နိုင်ငံမှထွက်ပြေးလာကာ အမေရိကန်သို့ ပြောင်းရွှေ့ရောက်ရှိခြင်းမပြုမီ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းတစ်ခုတွင်နေခဲ့ကြရပြီး ၊ အသက် ၁၈ နှစ်မပြည့်မီမှာပင် ကယ်လီ က ပထမအိမ်ထောင်ကျခဲ့ကာ သားသမီးနှစ်ယောက်ရခဲ့သည်။
ပထမအိမ်ထောင်နှင့်ကွဲပြီးနောက် ကယ်လီကရေဒီယို ရောင်ခြည်ဖြင့် ဆေးကုသမှုအတတ်ပညာဗေဒဖြင့်ဘွဲ့ရယူခဲ့ကာ မင်နီပူးလီးစ် မြို့ရှိ ဆေးကုသစခန်းတစ်ခုတွင် အလုပ်လုပ်ခဲ့သည်။
ထိုနေရာတွင် ဒီရက်ချောဗင် နှင့်စတင်တွေ့ရှိခဲ့ကာ ၂၀၁၀ တွင် ၎င်းတို့ နှစ်ဦးလက်ထပ်ခဲ့ကြပြီး ၊ ကယ်လီချောဗင် က ၂၀၀၈ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၊မင်နီဆိုတာပြည်နယ် အလှမယ်ပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ သရဖူရရှိခဲ့သည်။
ကယ်လီချောဗင် က ဒီရက်ချောဗင် နှင့်သားသမီးမရရှိခဲ့ကြောင်း၊ ယခုကဲ့သို့သောအ ခြေအနေတွင် ၎င်း၏မိဘများနှင့်မိသားစုတို့အတွက် လုံခြုံစိတ်ချရမှုနှင့်ပုဂ္ဂိုလ်ရေးလျှိူဝှက်မှု့ တို့ရှိရန်လည်း ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့သေးသည်။
crd-TheFifthWave #Myanmar_Online_News
>>zawgyi<<
အမေရိကန် ရဲအရာရှိ၏ဟောင်း ဇနီးက ခင်ပွန်းအား ကွာရှင်းပြတ်စဲခွင့်တောင်းခဲ့ပြီး ဂျော့ဂျ်ဖလွိုက်သေဆုံးမှုအတွက် ဝမ်းနည်းပက်လက်ဖြစ်ရပါကြောင်း ပြောကြား
Monday, June 1, 2020
အမေရိကန်ပြည်ထောင်စု၊ မင်နီဆိုတာပြည်နယ်၊ မင်နီပူးလီးစ် မြို့တွင် မေလ ၂၅ ရက်က လူမည်း အမျိုး သား ဂျော့ဂျ်ဖလွိုက် ကိုဖမ်းဆီးချုပ်နှောင်ရာမှ အသက်သေသည်အထိကျုးလွန်ခဲ့မိသော ရဲအရာရှိဟောင်း ဒီရက်ချောဗင် ၏ ဇနီးဖြစ်သူ ကယ်လီချောဗင် ခင်ပွန်းဖြစ်သူကို ကွာရှင်းခွင့်ပြုရန် အမှုဖွင့် လျှောက်ထားခဲ့ကြောင်း မေလ ၂၉ ရက်က ရှေ့နေဖြစ်သူမှတဆင့်ထုတ်ဖေါ် ကြေညာခဲ့သည်။
ကယ်လီချောဗင်က ဂျော့ဂျ်ဖလွိုက်သေဆုံးမှုအတွက် ဝမ်းနည်းပက်လက်ဖြစ်ရပါကြောင်းနှင့် ဂျော့ဂျ် ဖလွိုက်၏ မိသားစုဝင်များ၊ ချစ်ခင်ရင်းနှီးသူများ နှင့် ဝမ်းနည်းပူဆွေးဖြစ်ရသူအားလုံးအတွက် စာနာ မိပါကြောင်း ရှေ့နေမှတဆင့်ပြောကြားခဲ့သည်။
၎င်းတို့ ဇနီးမောင်နှံလက်ထပ်ခဲ့သည်မှာ ဆယ်နှစ်ခန့်ရှိပြီဟုလည်းသိရသည်။ ကယ်လီချောဗင် မှာ လာအိုနိုင်ငံဇာတိဖြစ်ပြီး ၁၉၇၄ ခုနှစ်တွင်မွေးဖွားခဲ့သည်။
၎င်းတို့မိသား စုက မိခင်နိုင်ငံမှထွက်ပြေးလာကာ အမေရိကန်သို့ ပြောင်းရွှေ့ရောက်ရှိခြင်းမပြုမီ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းတစ်ခုတွင်နေခဲ့ကြရပြီး ၊ အသက် ၁၈ နှစ်မပြည့်မီမှာပင် ကယ်လီ က ပထမအိမ်ထောင်ကျခဲ့ကာ သား သမီးနှစ်ယောက်ရခဲ့သည်။
ပထမအိမ်ထောင်နှင့်ကွဲပြီးနောက် ကယ်လီ ကရေဒီယို ရောင်ခြည် ဖြင့် ဆေးကုသမှု အတတ်ပညာဗေဒ ဖြင့်ဘွဲ့ရယူခဲ့ကာ မင်နီပူးလီးစ် မြို့ရှိ ဆေးကုသစခန်းတစ်ခုတွင် အလုပ်လုပ်ခဲ့သည်။
ထိုနေရာတွင် ဒီရက်ချောဗင် နှင့်စတင်တွေ့ရှိခဲ့ကာ ၂၀၁၀ တွင် ၎င်းတို့ နှစ်ဦးလက်ထပ်ခဲ့ကြပြီး ၊ ကယ်လီချောဗင် က ၂၀၀၈ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၊မင်နီဆိုတာပြည်နယ် အလှမယ်ပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ သရဖူရရှိခဲ့သည်။
ကယ်လီချောဗင် က ဒီရက်ချောဗင် နှင့်သားသမီးမရရှိခဲ့ကြောင်း၊ ယခုကဲ့သို့သောအ ခြေအနေတွင် ၎င်း၏မိဘများနှင့်မိသားစုတို့အတွက် လုံခြုံစိတ်ချရမှုနှင့်ပုဂ္ဂိုလ်ရေးလျှိူဝှက်မှု့ တို့ရှိရန်လည်း ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့သေးသည်။
crd-TheFifthWave #Myanmar_Online_News

0 comments:

Post a Comment