Monday, June 1, 2020

အင်းတော်မြို့နယ်တွင် ဒေသကာလပေါက်စျေးငွေကျပ်သိန်း ၂၈၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေလ ၃၁ ရက်နေ့ ၁၈၄၅ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ အင်းတော်မြို့နယ်၊ ရွှေဘို-မြစ်ကြီးနား သွားကား လမ်းတွင် အင်းတော်မြို့ဘက်မှ မိုးညှင်းမြို့ဘက်သို့ လွိုင်ကော်မြို့၊ မင်္ဂလာရပ်ကွက်နေ ခိုင်လင်း ၅၂ နှစ် စီးနင်း မောင်းနှင်လာသည့်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင်သိုဝှက်သယ်ဆောင်လာသော ဘိန်းစိမ်းအလေးချိန် ၇၆.၅ ကီလို(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၂၂၉၅ သိန်း)နှင့် ဘိန်းဆီခဲအလေးချိန် ၉.၆ ကီလို(ဒေသကာလပေါက်စျေး တန်ဖိုးငွေကျပ် ၅၇၆ သိန်း)တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
တရားခံ ခိုင်လင်း အား အင်းတော်မြို့မ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
crd-CCDAC Myanmar #Myanmar_Online_News
>>zawgyi<<

0 comments:

Post a Comment