Wednesday, June 3, 2020

COVID-19 ကုသရန်အတွက် remdesivir အမည်ရှိ ဆေးဝါးတင်သွင်းမှုကို တောင်ကိုရီးယားအတည်ပြု

တောင်ကိုရီးယာနိုင်ငံ ကျန်းမာရေးအာဏာပိုင်များမှ တောင်းဆိုထားသော COVID-19 လူနာများကုသရန်အတွက် အမေရိကန် Gilead Science ဆေးသုတေသနကုမ္ပဏီမှထုတ်လုပ်သော remdesivir ဆေးဝါးတင်သွင်းမှုကို တောင်ကိုရီးယား အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ဇွန်လ ၃ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။
မူလက Ebola ရောဂါကုသရန်ရည်ရွယ်ခဲ့သော remdesivir ဆေးအား COVID-19 လူနာများအားစမ်းသပ်ကုသရာခဲ့ရာ ရလဒ်ကောင်းများရရှိခဲ့သဖြင့် အဆိုပါဆေးအား တင်သွင်းရန် အစိုးရအဖွဲ့မှ လွန်ခဲ့သည့်ရက် သတ္တပတ်တွင် ဆုံးဖြတ်ခဲ့ပါသည်။
ကြေညာချက်တွင် အဆိုပါဆေးအားတင်သွင်းရန်အတွက် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် ကိုရီးယာရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေး စင်တာ(KCDC)၊ အခြား ဝန်ကြီးဌာနများနှင့် Gilead Sciences ဆေးသုတေသနကုမ္ပဏီတို့နှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းဖော်ပြထားပါသည်။
တောင်ကိုရီးယားနိုင်ငံသည် ကပ်ရောဂါအစုလိုက်အပြုံလိုက် ပြန်လည်ဖြစ်ပွားလာ သောကြောင့် COVID-19 နှင့်ပတ်သက်၍ ဖြေလျှော့ထားသည့် လူမှုကန့်သတ်ချက်များကို မေလ ၂၈ ရက်နေ့တွင် ပြန်လည်ချမှတ်ခဲ့သည်။ပြတိုက်များ၊ ပန်းခြံများနှင့် အနုပညာပြခန်းများကို မေလ ၂၉ ရက်နေ့မှစ၍ ၂ ပတ်ကြာ ပိတ်ထားမည်ဖြစ်ပြီး ကုမ္ပဏီများအား လုပ်ငန်းလည်ပတ်စေရန် ခွင့်ပြုထားပါသည်။
Ref ; CNA

0 comments:

Post a Comment