Thursday, October 1, 2015

ရေဘေးသင့်ဒေသတွေကို ကူညီဦးမယ့် ခိုင်နှင်းဝေပရဟိလူငယ်များအဖွဲ့နဲ့ ရှင်သန်ရေးကူညီမှုအသင်း

သရုပ်ဆောင် ခိုင်နှင်းဝေ (ဓာတ်ပုံ - ယုမွန်ကျော်/ The Irrawaddy)

သရုပ်ဆောင်ခိုင်နှင်းဝေရဲ့ ခိုင်နှင်းဝေ ပရဟိတလူငယ်များအဖွဲ့နဲ့ ရှင်သန်ရေးကူညီမှုအသင်းတို့ ပူးပေါင်းပြီး ရုပ်ရှင်၊သဘင်၊ ဂီတ အနုပညာဖျော်ဖြေပွဲကြီးကို ကျင်းပပြုလုပ်ကာ သဘာဝဘေးဒဏ်သင့် ချင်းပြည်နယ်ပြည်သူများနဲ့ ဧရာဝတီတိုင်းဒေသကြီး ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် လှူဒါန်းကြမှာဖြစ်ပါတယ်။ဒီအစီအစဉ်ကို အောက်တိုဘာ ၁၀ ရက်နေ့ ညနေ ၇ နာရီအချိန် ရန်ကုန်မြို့ရှိ သုဝဏ္ဏမိုးလုံလေလုံ အားကစားကွင်းမှာ ကျင်းပပြုလုပ်မှာဖြစ်ပြီး ရုပ်ရှင်၊သဘင်၊ဂီတ မှ နာမည်ကြီး အနုပညာရှင်များစွာက ပါဝင်ဖျော်ဖြေပေးကြမှာ ဖြစ်ပါတယ်။ ရရှိလာတဲ့ အလှူငွေများကို ရေဘေးကယ်ဆယ်ရေးနဲ့ ပြန်လည် ထူထောင်ရေးအတွက် လှူဒါန်းမှာဖြစ်ပြီး လက်မှတ်များ ကိုတော့ ဈေးနှုန်း ကျပ်သုံးသောင်း၊ နှစ်သောင်းနဲ့ ငါးထောင် သတ်မှတ်ထားပါတယ်။


ဖျော်ဖြေပွဲပြုလုပ်ရခြင်းနဲ့ပတ်သက်လို့လည်း သရုပ်ဆောင်ခိုင်နှင်းဝေက “ဒီပွဲလေးက ဘ၀မှာ ပထမဆုံး အနေနဲ့ ပြုလုပ်ဖြစ်တဲ့ပွဲလေးပါ။ ဒီလိုဖျော်ဖြေပွဲလုပ်ပြီး လှူဒါန်းခွင့်ရတဲ့အတွက်လည်း အရမ်းကို ၀မ်းသာပီ တိဖြစ်ရပါတယ်။ ဒီပွဲလေးက အနုပညာသမားတွေ တော်တော်များများရဲ့ လုပ်အားနဲ့ပါဝင်တဲ့ပွဲလည်းဖြစ်ပါတယ်။ ဒီမှာပါဝင်ကြတဲ့ အနုပညာရှင်တွေကလည်း မေတ္တာနဲ့ပါဝင်ပေးကြတာပါ။ အဲဒီအတွက် သူတို့ရဲ့ ပရဟိတလည်းဖြစ်ပါတယ်။ ဖျော်ဖြေပွဲမှာ အားလုံးကြည့်ရှူ့လှူဒါန်းနိုင်အောင် ဈေးနှုန်းကိုလည်း သင့်တင့်မျှတတဲ့ဈေးကို သတ်မှတ်ထားပါတယ်။ ဒီပွဲကို ရှင်သန်ရေးကူညီမှုအသင်းနဲ့ တူတူလုပ်ဖြစ်တာကလည်း ကျမ မွေးနေ့အလှူကစပြီး ရှင်သန်ရေးကူညီမှုအသင်းနဲ့ အတူတူ လှူဒါန်းဖြစ်ခဲ့ပါတယ်။ ဒီအသင်းက ဒုက္ခရောက်နေတဲ့အသင်းကို အမြဲကူညီပေးနေတဲ့ အသင်းလည်းဖြစ်တဲ့ အတွက် ဒီအသင်းကို အရမ်းသဘောကျပါတယ်” လို့ပြောပြပါတယ်။

ခိုင်နှင်းဝေ ပရဟိတလူငယ်အသင်းဟာ ၂၀၁၄ ခုနှစ်က သရုပ်ဆောင်ခိုင်နှင်းဝေကို ချစ်မြတ်နိုးကြတဲ့ ပရိတ် သတ်များက အွန်လိုင်းတွင် We Love Khine Hnin Wai ဆိုပြီး ဖွဲ့စည်းခဲ့ကာ ခိုင်နှင်းဝေနဲ့ ပရဟိတလူငယ်များမှ အကူအညီ လိုအပ်ပြီး ချို့တဲ့သော ဘုန်းတော်ကြီးကျောင်းများကို ကထိန်သင်္ဃန်းများဆက်ကပ်ခြင်း၊ ကထိန်ခင်းကျင်း၊ ရှင်အပါး ၁၀၀ ကိုရှင်ပြုပေးခြင်း၊ မိဘမဲ့ကလေးသူငယ်ကျောင်းများကို အလှူပေးခြင်း ၊ မ သန်စွမ်းကျောင်းများကို အလှူများ ပြုလုပ်ခြင်း၊တိရစ္တာန်များကို ကယ်ဆယ်ခြင်း စတဲ့ ကုသိုလ်များကို ပြု လုပ်နေတဲ့ ပရဟိတအဖွဲ့လည်း ဖြစ်ပါတယ်။

ယုမွန်ကျော်
ဧရာဝတီ

0 comments:

Post a Comment