Friday, October 2, 2015

ငြိမ်းချမ်းရေးအတွက် ဒီချုပ် တာဝန် ယူစေလိုလျှင် အစိုးရဖွဲ့နိုင်ရေး မဲပေးရန် ဒေါ်အောင်ဆန်းစုကြည်ပြော

ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)

အစိုးရကသာ ငြိမ်း ချမ်းရေးဖြစ်စဉ်အောင်မြင်အောင် ဆောင်ရွက်နိုင်ခွင့်ရှိသည့်အ တွက် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို ယင်းတာဝန်ယူစေလိုပါက အစိုးရအဖွဲ့ ဖွဲ့နိုင်ရန် အပြတ်သတ်မဲပေးရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။မြစ်ကြီးနားတွင် အောက်တို ဘာ ၂ ရက်က ပြုလုပ်ခဲ့သော လူ ထုတွေ့ဆုံပွဲတွင် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်အနေဖြင့် အစိုးရ အဖွဲ့ဖွဲ့နိုင်ပါက ငြိမ်းချမ်းရေးရရှိ အောင် မည်ကဲ့သို့ ဆောင်ရွက် မည်နှင့်ပတ်သက်၍ ဒေသခံလူ ငယ်တစ်ဦး၏ မေးမြန်းမှုကို ဖြေကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ် တွင် ဒီချုပ်ပါဝင်နိုင်ရန် ဖိတ်ခေါ်ခြင်းများ မရှိခဲ့ကြောင်းနှင့် လွှတ်တော်ထဲတွင်လည်း အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ်သည်လူ နည်းစုသာဖြစ်နေ၍ ဒီချုပ်အနေ ဖြင့် ပါဝင်ဆောင်ရွက်ပိုင်ခွင့် မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။

‘‘ကျွန်မတို့က ရိုးရိုးသားသား အပြုသဘောနဲ့ ဝေဖန်လို့ရှိရင် တောင်မှ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေ ပျက်စီးရာပျက်စီး ကြောင်းလုပ်တယ်လို့ လက်ညှိုး ထိုးကြပါတယ်။ အဲဒီတော့ ကျွန်မတို့က တိုင်းရင်းသားတွေဘက်မှာ ပြေလည်မယ်ဆိုရင် ဘယ်သူလုပ် ပေးပေး လက်ခံမှာပါ။ ကျွန်မတို့ လုပ်ပေးမှ မဟုတ်ဘူး။ ဒါပေမဲ့ လုပ်လည်း မလုပ်ပေးဘူး။ ကျွန်မ တို့ကိုလည်း လုပ်ပေးပိုင်ခွင့်မပေး ဘူးဆိုရင် ဒါကတော့ မဟုတ်သေး ဘူးထင်ပါတယ်။ ဆိုတော့ ပြည် သူလူထုက ဆုံးဖြတ်ပေါ့။ ကျွန်မ တို့ကို ယုံကြည်ပြီးတော့ လုပ်ပေး ပိုင်ခွင့်ပေးမှ ကျွန်မတို့လုပ်ပေးနိုင် မှာပါ။ လုပ်ပေးပိုင်ခွင့် မရှိဘဲနဲ့ တော့ ကျွန်မတို့ လုပ်ပေးနိုင်မှာ မဟုတ်ဘူး။ အစိုးရမဟုတ်ဘဲနဲ့ တော့ ဘယ်လိုမှ NLD ဟာ ငြိမ်း ချမ်းရေးကို ဖြစ်မြောက်နိုင်အောင် လုပ်ပေးနိုင်မှာမဟုတ်ဘူး။ ဒါဟာ အမှန်တရားပဲ။ ဆိုတော့ ကျွန်မတို့ကို တာဝန်ယူစေချင်ရင် ကျွန်မတို့ကို တာဝန်ပေးရမယ်။ ကျွန်မတို့ကို တာဝန်ပေးတယ်ဆိုတာ ကျွန်မတို့ကို အစိုးရဖွဲ့နိုင်ဖို့ အ တွက် မဲပေးဖို့ပြောတာပါ’’ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြား သည်။

ဒီချုပ်အနေဖြင့် ငြိမ်းချမ်း ရေးနှင့်ပတ်သက်၍ အဆင့်သုံး ဆင့်ဖြင့် ဆောင်ရွက်ရန် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကတည်း က စီစဉ်ထားကြောင်းလည်း ပြော သည်။

‘‘ပထမဆိုရင် အပစ်အခတ် ရပ်စဲရေးလုပ်ရမယ်။ ဒုတိယဆို ရင် ညီလာခံလုပ်ရမယ်။ တတိယ ဆိုလို့ရှိရင် တကယ့်ဖက်ဒရယ် ပြည်ထောင်စုဖြစ်စေမယ့် ဖွဲ့စည်း ပုံအခြေခံဥပဒေတစ်ခုပေါ်ပေါက် ရမယ်။ ဒီအဆင့်သုံးဆင့်စလုံးကို ကျွန်မတို့ မှန်မှန်ကန်ကန်အောင် အောင်မြင်မြင်ကျော်လွှားနိုင်မယ် ဆိုရင် ငြိမ်းချမ်းရေးဟာ မုချမသွေ ရမှာပါ’’ဟု ဒီချုပ်ဥက္ကဋ္ဌက ဖြေ ကြားသည်။

ထို့အပြင် ဒီချုပ်အစိုးရဖွဲ့နိုင် ပါက မြစ်ဆုံစီမံကိန်းနှင့်ပတ်သက် ၍ အစိုးရနှင့် သက်ဆိုင်ရာကုမ္ပဏီ တို့၏ သဘောတူညီချက်များကို ပြည်သူထံ ဦးစွာချပြမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဒေသခံအမျိုးသမီးတစ်ဦး၏ မေးမြန်းချက်ကို ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် သည် မြစ်ကြီးနားလူထုတွေ့ဆုံပွဲ တွင် ငြိမ်းချမ်းရေး၊ ဖက်ဒရယ်ပြည် ထောင်စုပေါ်ပေါက်ရေး၊ အဂတိ တိုက်ဖျက်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ပြည်သူများ၏ မေးမြန်းမှုများကို ဖြေကြားခဲ့ပြီး တက် ရောက်လာသူများကအဖြေများ ကို ကြိုက်နှစ်သက်၍ လက်ခုပ်တီးသြဘာပေးခဲ့သည်။

လက်ရှိအခြေအနေတွင်ဘွဲ့ ရပညာမတတ်၊ အလုပ်အကိုင် ရှားပါးမှုများနှင့်ပတ်သက်၍ မေး မြန်းမှုကို အစိုးရအနေဖြင့် ပြည် သူများ သိတတ်နားလည်မှုကို ကြောက်ရွံ့၍ ပြည်သူများကို မ လေးစားမှုကြောင့် ယင်းကဲ့သို့ ပညာရေး နိမ့်ကျနေသည်ဖြစ် ကြောင်း ဖြေကြားခဲ့သည်။

ဒီချုပ် အစိုးရဖွဲ့နိုင်လျှင် သင်ညွှန်းထုံးတမ်းများကို အစိုးရ ၀င် ရောက်စွက်ဖက်ခြင်း လွတ်လပ်စွာဥပဒေအတိုင်း ပညာသင်ကြားခွင့်အပြင် ကျောင်းသားသမဂ္ဂများကိုလည်း တက္ကသိုလ် စည်းမျည်းများအတိုင်း ဖွဲ့စည်းခွင့်ရမည်ဖြစ်ကြောင်း ကတိပေးခဲ့သည်။

မြစ်ကြီးနားမြို့ ကချင်အမျိုးသား ရိုးရာယဉ်ကျေးမှု ဘက်စုံ အားကစားဥယျာဉ်၌ ပြုလုပ်သည့် လူထုတွေ့ဆုံပွဲသို့ ဒေသခံပြည် သူ ၂,၀၀၀ ခန့် တက်ရောက်ခဲ့ သည်။

7Day Daily

0 comments:

Post a Comment