Saturday, October 3, 2015

ရန်ကင်းမြို့နယ်ကို ပိုမိုတိုးတက်အောင် ပြုလုပ်ပေးမည် ကတိဖြင့် ပြည်ခိုင်ဖြိုးအမတ်လောင်းများ မဲဆွယ်

ရန်ကင်းမြို့နယ်တွင် ရွေးကောက်ပွဲဝင်မည့် ပြည်ခိုင်ဖြိုး ပါတီမှ လွှတ်တော်ကိုယ်စားလှယ် များက လက်ရှိသက်တမ်းအတွင်း ရန်ကင်းမြို့နယ် ဖွံ့ဖြိုးအောင်လုပ် နိုင်ခဲ့ပြီး နောက်သက်တမ်းရွေး ကောက်ခံရပါက ပိုမိုတိုးတက်ဖွံ့ ဖြိုးစေရမည်ဟု မဲဆွယ်ဟော ပြောခဲ့သည်။လက်ရှိ တွင် လွှတ်တော်ကိုယ်စားလှယ်များဖြစ်ပြီး လာမည့်နိုဝင် ဘာရွေးကောက်ပွဲ၌ ထပ်မံယှဉ် ပြိုင်မည့် ရန်ကင်းမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် လောင်း ဦးသာဝင်း၊ ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်၊ ရန်ကင်းမဲ ဆန္ဒနယ်အမှတ်(၁)ကိုယ်စား လှယ်လောင်းဦးသောင်းကျော်တို့ က အောက်တိုဘာ ၃ရက် မဲဆွယ် ပွဲတွင် ယင်းကဲ့သို့ပြောကြားခြင်းဖြစ်သည်။

‘‘လက်ရှိလွှတ်တော်ကိုယ် စားလှယ်တာဝန်တွေ ကျေပွန်စွာ ထမ်းဆောင်ခဲ့ပါတယ်။ ရန်ကင်း မြို့နယ်က ၂၀၁၀နဲ့ ၂၀၁၅ကြား မှာ အများကြီးပြောင်းလဲသွားခဲ့ တယ်။ ဒါငြင်းလို့မရပါဘူး။၂၀၁၅ နဲ့ ၂၀၂၀ကြားမှာ ပိုတိုးတက်လာ အောင်လုပ်မယ်လို့ ကတိပေးပါ တယ်’’ဟု တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ်လောင်းဦး သောင်းကျော်က ပြောသည်။

ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်လောင်း ဦးသာဝင်းက ၎င်းအနေဖြင့် ရန်ကင်းမြို့နယ်အ တွက် အခြေခံလိုအပ်သည့်လမ်း ပန်းဆက်သွယ်ရေး၊ ပညာရေး၊ လျှပ်စစ်နှင့် ကျန်းမာရေးအတွက် လိုအပ်သည့်စီမံကိန်းများ၊ ဘတ် ဂျက်များကို ပြည်သူ့လွှတ်တော် တွင် တင်ပြတောင်းခံ၍ မြို့နယ် တိုးတက်အောင်ဆောင်ရွက်ပေး ခဲ့ကြောင်းပြောဆိုသည်။ လာမည့် ၂၀၁၅ရွေးကောက်ပွဲတွင် ထပ်မံ ရွေးကောက်ခံရပါက မြို့နယ်ဖွံ့ ဖြိုးရေးကို ဆက်လက်လုပ်ဆောင် မည်ဖြစ်ကြောင်းပြောကြားသည်။

‘‘လွှတ်တော်ကိုယ်စားလှယ် တွေရဲ့ တာဝန်ကျေမှုကို သာမန် အောက်၊ သာမန်၊ သာမန်အ ထက်ဆိုပြီးခွဲရင် ကျွန်တော်ကသာ မန်အထက်မှာရှိပါတယ်’’ဟု ဦး သာဝင်းကဆိုသည်။

ပြည်ခိုင်ဖြိုးပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် အများစုအနိုင်ရခဲ့၍ လွှတ်တော်နှင့်အစိုးရအဖွဲ့တို့ကို ဖွဲ့စည်းနိုင်ခဲ့ပြီး ဒီမိုကရေစီနှင့် ပြုပြင်ပြောင်းလဲရေး ဦးဆုံးဆောင်ရွက်နိုင်ကာ နိုင်ငံတိုးတက်ခဲ့ကြောင်း၊ ယခုရွေးကောက်ပွဲတွင်လည်း အစိုးရဖွဲ့နိုင်သည့်အင်အားရှိသည့် ပြည်ခိုင်ဖြိုးကို မဲပေးရန်လိုကြောင်း ဦးသာဝင်းကဆိုသည်။

ရန်ကင်းမြို့နယ်တွင် ပြည် ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေ သကြီးလွှတ်တော်မဲဆန္ဒနယ် အ မှတ်(၁)၊ အမှတ်(၂)၊ ရခိုင်နှင့် က ရင်တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်နေရာခုနစ်နေရာ စလုံး၌ ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

7Day Daily

0 comments:

Post a Comment