Monday, October 5, 2015

မဲစာရင်းတွင် အစုအဝေးလိုက် ကျန်ခဲ့ပါက လျှောက်ထားနိုင်ပြီး ရွေးကောက်ပွဲမတိုင်မီ တစ်ပတ်အလိုအထိ ခွင့်ပြုပေးနိုင်

မဲစာရင်းတွင် မဲပေးပိုင် ခွင့်ရှိသူ အစုအဝေးလိုက် ကျန် ရစ်ခဲ့ပါက ရွေးကောက်ပွဲမတိုင်မီ ခုနစ်ရက်ထက် နောက်မကျစေဘဲ နောက်ဆက်တွဲ မဲစာရင်းတွင် ထည့်သွင်းခွင့်ပြုနိုင်ကြောင်း ရွေး ကောက်ပွဲ နည်းဥပဒေများ၌် ပြ ဋ္ဌာန်းထားသည်။‘‘မဲစာရင်းစစ်တုန်းက အ ကြောင်းကြောင်းကြောင့် လူ ၅၀၊ ၁၀၀ လောက် အုပ်စုလိုက်ကြီး ကျန်ခဲ့လို့တင်ပြရင် ခရိုင်ကော်မ ရှင်ကနေ လုပ်ပေးလို့ရတယ်။ ကော်မရှင်က သွားစစ်ဆေးတဲ့အ ခါ အဲဒီနေရာမှာကျန်ခဲ့တဲ့လူတွေ က အတည်တကျနေတယ်ဆိုတာ ကို ထွေအုပ်ကလည်း မှန်ကန် ကြောင်း ထောက်ခံရင် မဲပေးလို့ရ မယ်’’ဟု ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးဝင်းကြည်ကပြောသည်။
မဲစာရင်းတွင် အမည်ကျန် ရစ်ခဲ့ပါက ဖြည့်စွက်ခွင့်ပေးသည့် ကာလကုန်ဆုံးပြီးဖြစ်သော်လည်း အစုအဝေးလိုက်ကျန်ရစ်ခဲ့သူများ အတွက် ဥပဒေက ယင်းအခွင့် အရေးပေးထားခြင်းဖြစ်သည်။‘‘တစ်နေရာစီမှာ တစ်ဦးချင်း ကျန်ခဲ့တဲ့လူတွေက စုပြီးတော့ ကျွန်တော်တို့ ၅၀ လောက်ကျန်ခဲ့ တယ်ပြောလို့မရဘူး။ အကြံအဖန် နဲ့လူစုပြီး ကျန်ခဲ့ပါတယ်ပြောလို့ မရဘူး’’ဟု ဦးဝင်းကြည်ကပြော သည်။
သို့ဖြစ်ရာ မဲစာရင်းတွင်အစု အဝေးလိုက် ကျန်ရစ်ခဲ့ပါက ၎င်း တို့ကိုယ်တိုင်ဖြစ်စေ၊ ပါတီများကို အကူအညီတောင်း၍ဖြစ်စေ ကော်မရှင်အဖွဲ့ခွဲများသို့ လျှောက် ထားနိုင်ကြောင်း ၎င်းကပြော သည်။

၂၀၁၂ ကြားဖြတ်ရွေးကောက် ပွဲတွင် အဆိုပါမဲစာရင်း၌ အစုအ ဝေးလိုက်ကျန်ရစ်ခဲ့မှုမျိုး မန္တလေး တွင် ဖြစ်ပွားခဲ့ပြီး ကော်မရှင်က ကွင်းဆင်းစစ်ဆေးခဲ့ရာ မှန်ကန် သဖြင့် မဲပေးခွင့်ရရှိခဲ့ဖူးသည်။တစ်ပြည်လုံးအတိုင်းအတာ ဖြင့် နောက်ဆုံးအကြိမ် မဲစာရင်း ကြေညာခြင်းကို စက်တင်ဘာ ၁၄ ရက်မှ ၂၇ ရက်အထိ ၁၄ရက်ကြာ ကြေညာခဲ့ပြီးဖြစ်သည်။သို့သော် မဲစာရင်းမှားယွင်းမှု များကြောင့် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်သည် အ ပြင်းအထန် ဝေဖန်ခံနေရသည်။၂၀၁၅ အထွေထွေရွေး ကောက်ပွဲကို နိုဝင်ဘာ ၈ ရက် တွင် ကျင်းပမည်ဖြစ်ပြီး မဲပေးခွင့် ရှိသူ ၃၃ သန်းခန့်ရှိကြောင်းသိရ သည်။

7Day Daily

0 comments:

Post a Comment