ချင်းပြည်နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ မောင်းနှင်သောကားသည် ပေ ၂၀ ခန့်ရှိချောက်ကမ်းပါးသို့ ထိုးကျခဲ့ကြောင်းသိရသည်။ယခုလ ၁၁ ရက်နေ့နံနက် ၇ နာရီ ၁၅ မိနစ်အချိန်တွင် ချင်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဇိုဘွေး မောင်းနှင်လာသော Prado ယာဉ်မှာ ချင်းပြည်နယ်အစိုးရ ရုံးမှဆေးရုံဘက်သို့ အပြန်တောင်ဆင်းလမ်းတွင် အရှိန်မထိန်းနိုင်၍ ပေ ၂၀ ခန့်ရှိသည့်ချောက်အတွင်းသို့ ပြုတ်ကျ၍တိမ်းမှောက်မှုဖြစ်ပွား
ခဲ့ကြောင်းမြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏သတင်းထုတ်ပြန်ချက်အရသိရသည်။"သူ့ကားကချောက်ထဲကို မကျခင် အဲ့နားမှာရှိတဲ့ဈေးဆိုင် ကိုပါဝင် တိုက်သွားသေးတယ်၊လူကတော့ဒဏ်ရာအနည်းငယ်ပဲရသွားပါတယ်"
ဟုမြန်မာနိုင်ငံရဲတပ်ဖွဲ့မှအကြီးတန်းအရာရှိတစ်ဦးကပြောသည်။ယာဉ်တိမ်းမှောက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ် သိန်း ၄၀ ခန့်ရှိပြီးယာဉ်မောင်းနှင်သူ ဦးဇိုဘွေးအား
ယာဉ်ပေါ့ဆစွာမောင်းနှင်သည့်ပုဒ်မ(၂၇၉)နှင့် အကျိုးစီးပွားဖျက်စီးမူပုဒ်မ (၄၂၇)
တို့ ဖြင့်အမှုဖွင့်အရေးယူထားကြောင်းသိရသည်။
ဇေဝေယံ
Popular News Journal
Monday, October 12, 2015
ချင်းပြည်နယ်ဒီချုပ်ဥက္ကဌမောင်းလာသောယာဉ်ချောက်ထဲထိုးကျ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment