ကမ္ဘာပေါ်တွင် အရှည်ကြာဆုံး ပြည်တွင်းစစ်ဖြစ်ပွားနေသည့် မြန်မာနိုင်ငံ တွင် စစ်မှန်သောဒီမိုကရေစီ မရရှိသေး သောကြောင့် ငြိမ်းချမ်းရေးမရရှိနိုင်သေးကြောင်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဗန်းမော်မြို့ရှိ ပြည်သူလူထုများနှင့် တွေ့ဆုံ ပွဲတွင် ပြောကြားလိုက်သည်။"ဒီမိုကရေစီနိုင်ငံဖြစ်တဲ့နိုင်ငံမှာ ပြည်တွင်းစစ်ဆိုတာမရှိဘူး။ ငြိမ်းချမ်းရေး ကိုလိုလားရင် ဒီမိုကရေစီပြည်ထောင်စု ဖြစ်ဖို့လိုတယ်" ဟု ၎င်းကပြောသည်။
ရေရှည်ခိုင်မာသော ငြိမ်းချမ်းရေး ရရှိရန် ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ပြင်ရမည်ဖြစ်ပြီး ယခုလက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် လိုအပ်မှုများရှိနေ ကြောင်း၊ ပြည်သူလူထု၏ ရွေးကောက် တင်မြှောက်မှုကြောင့် တက်လာသော အစိုးရသည် ပြည်သူများ၏ လိုအပ်ချက်
များကို တတ်နိုင်သမျှလုပ်ဆောင်ပေးရမည်ဖြစ်ကြောင်းနှင့် ယခုမြန်မာနိုင်ငံရှိ ပြည်သူများ၏ ဆင်းရဲမွဲတေမှုနှင့် အလုပ် လက်မဲ့ ဖြစ်ခြင်းသည် အစိုးရက လုပ်ဆောင် မှုမရှိသောကြောင့် ဖြစ်ကြောင်း ဒေါ်အောင် ဆန်းစုကြည်က ဆက်လက်ပြောကြား သည်။
"ဘာပဲလုပ်လုပ် နယ်မြေငြိမ်းချမ်းရေး ရမှ ဖြစ်မှာ။ အခု ကချင်ပြည်နယ်မှာဆို အားလုံးသိတဲ့အတိုင်းပဲ စစ်ပွဲတွေဖြစ်နေ လို့ စစ်ရှောင်တွေကော ရွာတွေကောပျက် တယ်။ ဒါကြောင့် ငြိမ်းချမ်းရေးကို မြန်မြန် ရစေချင်တယ်"ဟု ဗန်းမော်ဒေသခံ ဦးထွယ်နန်က ပြောသည်။
အောက်တိုဘာလ ၁၅ ရက်နေ့ တွင် တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့က အပစ်အခတ်ရပ်စဲရေး စာချုပ်တွင် လက်မှတ် ရေးထိုးမည်ဟု ကြေညာထားခဲ့သည်။ ယင်းတို့မှာ ကရင်အမျိုးသား အစည်း အရုံး(KNU) ၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU၊ KNLA-PC)၊ ရခိုင် လွတ်မြောက်ရေးပါတီ (ALP)၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO)၊ ချင်းအမျိုးသားတပ်ဦး (CNF) ၊ ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA)၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF) တို့ဖြစ်သည်။
သို့ရာတွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIO/KIA)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရှမ်း ပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် ရှမ်းပြည်နယ်နှင့် ကချင် ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် အများစုက NCA ကို လက်မှတ်ရေးထိုးဦး မည်မဟုတ်ကြောင်း အဆိုပါ အဖွဲ့များထံ မှ သိရှိရသည်။
The Voice Weekly
0 comments:
Post a Comment