ရွေးကောက်ပွဲ ကာလနီးကပ်လာချိန်တွင် တပ် တွင်းလုံခြုံရေးပိုင်းကို ယခင်က ထက်စစ်ဆေးမှုများပြုလုပ်လာ သည်ဟု တပ်မတော်မိသားစုများ မှ သတင်းရရှိသည်။
‘‘လုံခြုံရေးတင်းကျပ်တယ် ဆိုတာက အဝင်၊အထွက်စစ်ဆေး မှုတွေ သေသေချာချာပြုလုပ်လာ တယ်။ ဘယ်သွားမှာလဲ၊ ဘယ်သူ့ ဆီကိုလဲ၊ အချက်အလက်တွေ သေသေချာချာ မေးလာတယ်။ အဲဒီလိုဖြစ်တာ တစ်လနီးပါး လောက်ရှိပြီ’’ဟု ပဲခူးတိုင်းရှိ တပ် နယ်မြေအတွင်းနေထိုင်သည့် တပ် မိသားစုဝင်တစ်ဦးကပြောသည်။
စစ်တပ်အတွင်း လုံခြုံရေး အင်အားတင်းကျပ်လာသည်ဟု ဆိုခြင်းမှာ လုံခြုံရေးအင်အား တိုးမြှင့်ခြင်းမဟုတ်ဘဲ စစ်တပ် အတွင်း ဝင်ရောက်သည့် ဧည့် သည်များ၊ မိသားစုဝင်များအားပိုမိုစစ်ဆေးလာခြင်းဖြစ်သည်ဟု တပ်မတော်မိသားစုဝင်များကဆို သည်။
‘‘အရင်က မှတ်ပုံတင်တွေ တော့ မစစ်ဆေးဘူး။ အခုနောက် ပိုင်း မှတ်ပုံတင်တွေစစ်ဆေး တယ်။ သွားမယ့်အကြောင်းအရာ တွေအတိအကျမေးတယ်။ ဒီစစ် တပ်ဝင်းထဲမှာ အမြဲနေတဲ့သူ တောင် အမေးခံရတယ်’’ဟု ရန်ကုန်တိုင်းရှိ စစ်တပ်နယ်မြေတစ်ခုအတွင်း နေထိုင်သည့် တပ်မတော်မိသားစု ဝင်တစ်ဦးကဆိုသည်။
‘‘အခုက ဆိုင်ကယ်ဦးထုပ်၊ ယာဉ်မောင်းလိုင်စင်၊ သွားမယ့်နေရာ၊ အကြောင်းအရာ၊ အကုန်မေး တယ်။ အရင်တုန်းကတော့ မေး တယ်။ ဒီလောက်ထိတော့မတင်း ကျပ်ဘူး’’ဟု မန္တလေးကျုံးအတွင်း နေထိုင်သည့် တပ်မတော်မိသားစု ဝင်တစ်ဦးကပြောသည်။
စက်တင်ဘာ ၈ ရက် စတင် မဲဆွယ်ခွင့်ရရှိသည့်နေ့မှစတင် ကာ တပ်မတော်အတွင်း အထက် ပါအတိုင်း လုံခြုံရေးအရ စစ်ဆေး မှုတင်းကျပ်လာခြင်းဖြစ်သည်ဟု တပ်မတော် မိသားစုများမှ သတင်းရရှိသည်။
တပ်မတော်အတွင်း လုံခြုံ ရေးသည် ပုံမှန်အတိုင်း စစ်ဆေး ခြင်းသာဖြစ်ပြီး ရွေးကောက်ပွဲနီး ကပ်၍ လုံခြုံရေးတင်းကျပ်ခြင်း များ ပိုမိုပြုလုပ်ရန် ညွှန်ကြားချက်များ ထုတ်ပြန်ထားခြင်းမျိုးမရှိကြောင်း တပ်မတော်မှအဆင့်မြင့်အရာရှိတစ်ဦးကဆိုသည်။
‘‘မှတ်ပုံတင်စစ်တာ၊ ဆိုင် ကယ်ဦးထုပ်စစ်တာ၊ ဒါတွေက တပ်မတော်ရဲ့ စည်းကမ်းချက်တွေထဲ မှာပါပြီးသားပါ။ လုံခြုံရေး အင်အားတိုးတာတွေလည်းမရှိဘူး။ ပုံမှန်လုံခြုံရေးတိုင်းပဲ ဆောင်ရွက်နေ တာပါ’’ဟု ၎င်းကဆိုသည်။
‘‘တပ်မှာက လုံခြုံရေးရှိနေ တယ်။ မဲဆွယ်စည်းရုံးရေးအတွက် တော့ တပ်နယ်မြေမှာ စည်းရုံးခွင့် ရဖို့အတွက် တပ်ရင်းမှူး၊ တာဝန် ရှိသူတွေနဲ့ ခွင့်တောင်းပြီး ဆောင် ရွက်သွားဖို့ရှိတယ်။ အခုအထိ တော့ တပ်နယ်မြေမှာ မဲဆွယ်ခွင့် မရရှိသေးပါဘူး’’ဟုနေပြည်တော် ကောင်စီနယ်မြေ တပ်မိသားစုအ များဆုံးရှိသည့် ပုဗ္ပသီရိမြို့နယ် တွင် ၀င်ရောက်ယှဉ်ပြိုင်မည့်ဒီချုပ် ကိုယ်စားလှယ်လောင်းဦးရည်မွန် ကပြောသည်။
တပ်နယ်မြေအားလုံးတွင်ပါ တီများကို မဲဆွယ်စည်းရုံးခွင့်မပြု သေးပေ။ တပ်မတော်အတွင်းနေ ထိုင်သည့် မိသားစုများအနေဖြင့် လည်း ရွေးချယ်ရမည့်ကိုယ်စား လှယ်များ၊ ပါတီများအကြောင်း သိရှိရန်လိုအပ်သည့်အတွက် မဲ ဆွယ်ခွင့်မရရှိလျှင် လက်ကမ်းစာ စောင်များဖြန့်ဝေရန်ဆောင်ရွက် မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
7Day Daily
Sunday, October 11, 2015
ရွေးကောက်ပွဲနီးကပ်လာချိန် တပ်တွင်းလုံခြုံရေး ပိုမိုတင်းကျပ်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment