Tuesday, October 13, 2015

"ရွေးကောက်ပွဲရွေ့ဆိုင်းရန် ဆွေးနွေးရခြင်းနှင့်ပတ်သက်၍ ဦးတင်အေး (ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ)၏ပြောကြားချက်"


“ရွေးကောက်ပွဲကို ရွှေ့ ပေးဖို့ ဆိုတာကတော့ အစောကြီးတည်း ကလေ။ ပြောချင်တာကNLDပါတီကလည်းတင်ပြတယ် တောင်သူလယ်သမား ပါတီကလည်းတင်ခဲ့တယ် ၊ ချင်းပါတီအချို့ ကလည်းတင်ခဲ့တယ်။ ဟိုတုန်းကမဲစာရင်းမှားလို့ ရွှေ့ ချင်တယ်လို့ တင်ပြတယ်။၊ ကျတော်တို့ ဘက်ကတော့ မဲစာရင်းမှားလို့ တော့မရွှေ့ သင့်ဘူး ၊ မဲစာရင်းမှန်အောင် လုပ် မယ်ဆိုပြီးတော့ ငြင်းဆိုခဲ့ပါတယ် ၊ သို့ သော်လည်းအခုသိတဲ့အတိုင်းပဲ သဘာဝဘေးအန္တ ရယ်တွေဖြစ်လာတဲ့ အခါကျတော့ အခုချိန်ထိပဲ သဘာဝဘေးအန္တရယ်တြွေဖစ်နေပါတယ် ၊ တိုင်းနဲ့ ပြည်နယ်တော်တော်များများမှာ သဘာဝဘေးအန္တရယ် ရှိနေတဲ့အတွက်လည်း တစ်ချက် စဉ်းစားဖို့လိုတာပေါ့လေ။ ဘာကြောင့်လဲဆိုတော့ သဘာဝဘေးအန္တရာယ်ကြုံတွေ့နေရတဲ့အချိန်မှာ မိဘပြည်သူများ စိတ်အေးချမ်းသာစွာ ရွေးကောက်ပွဲမှာ မဲပေးနိုင်ပ့ါမလား ထို့အတူပဲ ပါတီအသီးသီး အနေနဲ့လည်း မဲဆွယ်စည်းရုံခွင့် ရပါမလား၊အဲဒါတွေ ချိန်ဆပြီးနောက်ပိုင်းမှာ ရွေးကောက်ပွဲရွှေ့သင့်လား မရွှေ့သင့်ဘူးလားဆိုတာ စဉ်းစားနိုင်အောင် ပါတီတွေကို ခေါ်တွေ့ တာပါ၊အဓိကတော့ အဲဒါလို့ပြောလို့ရတယ်၊ နှစ်ကတော့ ရွေးကောက်ပွဲ ၀င်မဲ့ပါတီတွေ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ စည်းရုံရေးကာ လ ဆောင်ရွက်နိုင်ပါမလား၊ဒီအပေါ် မူတည်ပြီးတော့ ဒီကနေ့ ဆွေးနွေးလိုက်တာပါပဲ။

ပါတီ၉၀ကျော်ထဲက ဆယ်ပါတီခေါ်တာကိုနည်းတယ်လို့ ပြောမရပါဘူး၊ ဘာကြောင့်လဲဆိုတော့ ဆယ်ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း က ရွေးကောက်ပွဲတစ်ခုလုံးရဲ့ ၇၃ရာနှုန်းထက်မှာ ရှိပါတယ်၊အဲဒီတော့ ၁၀၀မှာ ၇၃ယောက်ရှိနေတဲ့ ပါတီတွေကို ခေါ်တွေ့တဲ့အတွက်ကြောင့် ဒါ နည်းတယ်လို့ပြောလို့မရပါဘူး၊၉၃ပါတီထဲက ၁၀ပါတီခေါ်တွေ့တာ မျှတပါတယ်။ရွေးမဲ့ထဲက ၇၃ရာနှုန်းကိုေ ခ်ါတွေ့တာ။

၂၀၀၈ ရွေးကောက်ပွဲတုန်းက မြစ်ဝကျွန်းပေါ်ဒေသတစ်ခုပဲဖြစ်တာ၊အခုဟာက နေရာတကာအနှံ့ဖြစ်နေတာပဲ၊အခုအများစုထဲကကြည့်လိုက်တော့ ကန့်ကွက် တာ ဒီချုပ်ပဲတိတိကျကျ ကန့်ကွက်တာ ရှိပါတယ်၊နှစ်ပါတီ က ရွှေ့ဖို့ပြောတာ ရှိတယ်၊ကျန်ပါတီတွေကတော့ ကော်မရှင်ဆုံးဖြတ်တာပဲ လက်ခံပါမယ်ပြောတယ်၊အချို့ပါတီတွေကလည်း ရွေးကောက်ပွဲရွှေ့မယ် မရွှေ့ဘူးဆိုတာ ကော်မရှင်ရဲ့လုပ်ပိုင်ခွင့်ပါလို့ပြောတယ်၊ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်က ဖြစ်တဲ့အတွက်ကြောင့်ကော်မရှင်က ဆုံးဖြတ်လို့ရပါတယ်၊သို့သော်လည်းပဲ ကော်မရှင်ဥပဒေထဲမှာလည်းပဲ ရွေးကောက်ပွဲရက် သတ်မှတ်တာနဲ့ ပက်သက်ြ့ပီးတိုင်ပင်သင့်တာ တိုင်ပင်ရမယ်၊တိုင်ပင်နိုင်တယ်လို့ ပြောတဲ့အတွက်ကြောင့်ခေါ်တိုင်ပင်တာပါ၊ရွေ့မယ့်ရက်ကိုတော့ ကြေညာမယ့်ရက်ထွက်လာရင် သိလာပါလိမ့်မယ်၊ကြေညာချက်မကြာမီ ထွက်ပါမယ်၊မကြာမီဆို လုံလောက်ပါပြီ၊တစ်နိုင်ငံလုံး ရွေ့သင့်လား မရွေ့သင့်လားဆိုတာ ကျွန်တော်တို့ ပြန်တိုင်ပင်ရအုံးမှာပါ၊ကော်မတီနဲ့တိုင်ပင်ပြီး ဆုးံဖြတ်ချက် ဒီနေ့ ကျမယ်လို့ထင်ပါတယ်၊ ဒီနေ့ထွက်ချင်လည်း ထွက်မယ် ထွက်ချင်မှလည်း ထွက်မှာပေါ့လေ၊ မနက်ဖြန်လည်း ဖြစ်နိုင်တယ်။

7Day News Journal

0 comments:

Post a Comment