မြန်မာကိုင်ဒိုကုမ္ပဏီတာဝန်ရှိသူများက ကလေးငယ်အတွက် ကျပ်သိန်း၂၀ထောက်ပံ့ကူညီနေစဉ် (ဓာတ်ပုံ−ဖြိုးဖြိုးဇော်)
အောင်မြေသာစံမြို့ နယ် ကျုံးအရှေ့ဘက်တွင် စက် တင်ဘာ ၂၄ ရက်က တာဝန်ထမ်း ဆောင်နေသည့် ယာဉ်ထိန်းရဲတစ် ဦး ဓားထိုးခံရ၍ သေဆုံးခဲ့ပြီး နောက် ကျန်ရစ်ခဲ့သည့် ရှစ်လ အရွယ်ကလေးငယ်၏ ဘဝနောင် ရေးအတွက် အသုံးပြုနိုင်ရန် မြန်မာကိုင်ဒိုကုမ္ပဏီက ကျပ်သိန်း ၂၀ ထောက်ပံ့ကူညီခဲ့ကြောင်း အမှတ် (၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ မှူးရုံးမှ ဒုတိယရဲမှူးကြီးကံသိန်း ကပြောသည်။‘‘ဒီလိုသတင်းမျိုးကြားတော့ စိတ်မကောင်းလည်းဖြစ်မိတယ်။ ပြီးတော့ သူ့မှာ ကလေးငယ်လေး တစ်ယောက်လည်း ကျန်ခဲ့တာ ဖြစ်တဲ့အတွက် ပညာရေး၊ ကျန်း မာရေးအနေနဲ့ ထောက်ပံ့စရိတ် ပေးတဲ့သဘောပါပဲ’’ဟု မြန်မာ ကိုင်ဒိုကုမ္ပဏီတာဝန်ခံဦးပြည့်ဖြိုးမောင်ကပြောသည်။
တာဝန်ထမ်းဆောင်နေစဉ် သေဆုံးသွားမှုနှင့်ပတ်သက်၍သက်ဆိုင်ရာယာဉ်ထိန်းရဲနှင့် ရဲတပ်ဖွဲ့ဝင်များက သေဆုံးသူ၏ မိသားစုအား ကျပ်သိန်း ၄၀ ခန့် ထောက်ပံ့ခဲ့ကြောင်း အမှတ် (၃) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှသိရ သည်။
မန္တလေးမြို့ အောင်မြေသာ စံမြို့နယ် ကျုံးအရှေ့ဘက် ၁၉ လမ်းမီးပွိုင့်တွင် ယာဉ်စည်းကမ်း စစ်ဆေးစဉ် ဆိုင်ကယ်စီးအမျိုး သားတစ်ဦးသည် ယာဉ်လိုင်စင် မပါ၍ ဒဏ်ငွေဆောင်ရမည့်ဖြတ် ပိုင်းဖြတ်ရန် ပြောဆိုစဉ် စကား များရန်ဖြစ်ရာမှ ယာဉ်ထိန်းရဲကို အထက်ပါအမျိုးသား၏အစ်ကို ဆရာဝန်က ဓားဖြင့်ထိုးခဲ့ခြင်းဖြစ် သည်။
7Day Daily
0 comments:
Post a Comment