Wednesday, October 14, 2015

ချီဖွေမြို့နယ်သို့ စည်းရုံးရေးသွားသည့် ဒီချုပ်အမတ်လောင်းများ တိုက်ခိုက်ခံရ

ကချင်ပြည်နယ် မြစ် ကြီးနားခရိုင် ချီဖွေမြို့နယ်သို့စည်းရုံးရေးခရီးစဉ်သွားရောက်သည့် ဒီချုပ်ကိုယ်စားလှယ်လောင်းများသည် တရုတ်ပြည်နယ်စပ်မြို့ ကန်းဖန်ကျေးရွာတွင် အောက်တိုဘာ ၁၂ ရက်ညက အမျိုးသားလွှတ်တော်အမတ် ဦးဇခုန်တိန့်ယိန်း၏ သားဖြစ်သူ ပြည်နယ် လွှတ်တော်အမတ် ဦးဇခုန်ယိန်းဆောင်အပါအ၀င် လက်နက်ကိုင်ဆောင်ထားသည့် လူ၃၀ ခန့်က တိုက်ခိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။ယင်းသို့ တိုက်ခိုက်ခံရမှု ကြောင့် ဒီချုပ်ကိုယ်စားလှယ်အဖွဲ့ မှ ကျပ်သိန်း ၃၀ တန်ဖိုးရှိပစ္စည်း များ ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ကိုယ်စားလှယ်များ ဒဏ်ရာရရှိခဲ့ သော်လည်း မပြင်းထန်ကြောင်း အဆိုပါခရီးစဉ်တွင် လိုက်ပါခဲ့ သည့် ကချင်ပြည်နယ် အမျိုးသား လွှတ်တော်အမှတ် (၅)ဒီချုပ် ကိုယ်စားလှယ်လောင်း ဦးကျော် ကျော်ဦးကပြောသည်။

‘‘ကျွန်တော်တို့ ကန်းဖန် ရောက်ပြီး တည်းခိုခန်းအောက်မှာ စက်စမ်းနေတုန်းပဲရှိသေးတယ်။ သေနတ်ကိုင်ထားပြီး ပြည်ခိုင်ဖြိုး တံဆိပ်နဲ့ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ(စဒက) တံဆိပ် ပါတဲ့ နဖူးစည်းတွေကို စည်းထား တဲ့ အယောက် ၃၀ ခန့်က ၀င် လာပြီး ပစ္စည်းတွေအကုန်ဖျက် ဆီးလိုက်တယ်။ လူတွေကိုလည်း ကန်တယ်။ ပြီးတော့ ကျွန်တော်တို့ တည်းတဲ့ အခန်းတံခါးတွေကို လည်း အကုန်ရိုက်ချိုးလိုက်တယ်’’ ဟု ဦးကျော်ကျော်ဦးက ပြော သည်။အဆိုပါကိစ္စကို ဒီချုပ်က ချီ ဖွေမြို့နယ်ရဲစခန်းတွင် အမှုဖွင့် ထားကြောင်း ဦးကျော်ကျော်ဦးက ပြောသည်။ ယခုကဲ့သို့ တိုက်ခိုက် ခံရမှုကြောင့် စည်းရုံးရေးမလုပ်ခဲ့ရဘဲ အသက်ဘေးလွတ်အောင် ထွက်ပြေးခဲ့ရကြောင်း ၎င်းကဆက် လက်ပြောသည်။

ချီဖွေမြို့နယ် ပန်ဝါမြို့တွင် ပြီးခဲ့သည့် စက်တင်ဘာလကုန် ပိုင်းက အမျိုးသားလွှတ်တော် အ မတ် ဦးဇခုန်တိန့်ယိန်းက ဒီချုပ် ကို မဲမဆွယ်ရန် တားမြစ်မှုများရှိခဲ့သည်။ယခုတိုက်ခိုက်ခဲ့သည့် ဦးဇ ခုန်ယိန်းဆောင်သည် စည်းလုံး ညီညွတ်ရေးနှင့်ဒီမိုကရေစီပါတီမှ လက်ရှိချီဖွေမြို့နယ်ပြည်နယ် မဲ ဆန္ဒနယ်အမှတ် (၂) ၏ လွှတ် တော်အမတ်ဖြစ်ပြီး ၂၀၁၅ ရွေး ကောက်ပွဲတွင်လည်းဆက်လက် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

ဦးဇခုန်ယိန်းဆောင်သည် ယခင်က NDAK (New Demo-cratic Army (Kachin) ) ၏ဥက္ကဋ္ဌဟောင်းလက်ရှိ အမျိုးသားလွှတ်တော်အမတ် ဦးဇခုန်တိန့်ယိန်း၏ သားလည်းဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက် ၍ ဦးဇခုန်ယိန်းဆောင်ထံသို့ 7Day Daily ကဖုန်းဖြင့်ဆက်သွယ် သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။


7Day Daily

0 comments:

Post a Comment