Monday, October 12, 2015

စက်ရုံလာဆင်းတဲ့ လုပ်သားတွေကို စက်ရုံအထဲပေးမဝင်ဘဲ တံခါးပိတ်ထား


လှိုင်သာယာမြို့နယ်က ထိပ်တန်းမြန်မာအထည်ချုပ်စက်ရုံမှာ စက်ရုံလုပ်သားတွေနဲ့ စက်ရုံပိုင်ရှင်ကြား လုပ်ခလစာမရတဲ့ ပြဿနာဖြစ်ပွားနေပြီး ဒီကနေ့မှာတော့ စက်ရုံလာဆင်းတဲ့ လုပ်သားတွေကို စက်ရုံအထဲပေးမဝင်ဘဲ တံခါးပိတ်ထားခဲ့တာဖြစ်တယ်လို့ လုပ်သားတွေဘက်က ကိုယ်စားလှယ်
တစ်ဦးဖြစ်တဲ့ ကိုအောင်ဘိုဘိုက ပေါ်ပြူလာနယူးစ်ကို ပြောပြပါတယ်။"ကျွန်တော်တို့ ကိုယ်စားလှယ် ၇ ဦး ဘက်က နောက်နောင် ဆန္ဒမပြတော့ပါဘူး လို့ စာချုပ်ချုပ်မှ ဝင်ခွင့်ပြုမယ်လို့ စက်ရုံအုပ်ချုပ်ရေးမှူးက ပြောတယ်" လို့ ကိုအောင်ဘိုဘိုက စက်ရုံထဲ ဝင်ခွင့်မရတဲ့အခြေအနေကို ပြောပါတယ်။စက်ရုံတံခါးကို မနက်ကတည်းကပိတ်ထားတာဖြစ်ပြီး လုပ်သား ၄၀၀ ကျော်ဟာ စက်ရုံအပြင်ဘက်မှာ ယခုအချိန်ထိထိုင်စောင့်နေဆဲဖြစ်တယ်လို့လည်းသိရပါတယ်။

စက်ရုံအနေနဲ့ လုပ်သားတွေရဲ့ လစာကို အောက်တိုဘာ ၉ ရက်နဲ့ ၁၀ ရက်မှာ ပေးပြီး အဲ့ဒီနေ့က မလာတဲ့ လုပ်သားတွေရဲ့လစာကို ယနေ့အထိ မပေးသေးဘူးလို့လည်း လုပ်သားကိုယ်စားလှယ်ကိုအောင်ဘိုဘိုက ပြောပါတယ်။အချိန်ပို ၃၇ နာရီ ဆင်းတဲ့အပေါ်မှာလည်း အချိန် ၂၁ နာရီစာပဲ တွက်ချက်ပေးတဲ့ ပြဿနာတွေလည်း ရှိနေပါသေးတaယ်။လုပ်သားကိုယ်စားလှယ် ၇ ဦးအနေနဲ့ကတော့ စက်ရုံနဲ့ ညှိနှိုင်းလိုပေမယ့် စက်ရုံလုပ်သားတွေဘက်ကလည်း တင်းမာမှု ရှိနေသေးတယ်လို့သိရပါတယ်။

သုတလင်း
Popular News Journal

0 comments:

Post a Comment