ဓာတ်ပုံ - မြတ်ပြည့်ဖြိုး
မန္တလေးတိုင်း၊ မိုးကုတ်မဲဆန္ဒနယ်တွင် တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်း ၃ ဦး မဟာမိတ် ဖွဲ့ကာ ရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်မည်ဟု သတင်း ရရှိသည်။
အဆိုပါ တသီးပုဂ္ဂလအောင်နိုင်ရေး ကော်မတီ ဥက္ကဌ ဦးဘစိမ်းက“လိုဂို(logo) တစ်ခုတည်းအောက်မှာ တသီး ပုဂ္ဂလ ၃ ဦးက ဒီမိုကရေစီ အင်အားစု တခုအနေနဲ့ ပူးပေါင်းပြီး ၀င်ရောက် ယှဉ်ပြိုင်မှာပါ”ဟု ပြောသည်။တသီး ပုဂ္ဂလ ၃ ဦးမှာ မိုးကုတ်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ ၀င်ရောက် အရွေးချယ်ခံမည့် ဒေါက် တာ ၀င်းရှိန်၊ မိုးကုတ်မြို့နယ် တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ် အမှတ်(၂) မှ ဦးစိန်မြင့်နှင့် ၈၈ မျိုးဆက် ကျောင်းသားဟု လူသိများသည့် ဦးအောင်သူ(တံတားနီ)က အမျိုးသားလွှတ်တော် ပြင်ဦးလွင်ခရိုင် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၃) မှ ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
ကိုယ်စားလှယ်လောင်း ၃ ဦးလုံးက ရွှေကလပ်ပေါ်တွင် ပတ္တမြား ငမောက် အမှတ်တံဆိပ်ဖြင့် ၀င်ရောက် အရွေးချယ်ခံမည်ဖြစ်ပြီး အောက်တိုဘာ ၄ ရက်မှ စတင်ပြီး မဲဆွယ် စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ဧရာဝတီ
0 comments:
Post a Comment