Monday, October 12, 2015

ရေဘေးသင့် ၂၈ရွာ ပြန်လည်ထူထောင်ရန် တယ်လီနော ကျပ်သိန်းသုံးထောင်ကျော်ထောက်ပံ့

မကွေးတိုင်း စေတုတ္တရာမြို့နယ်တွင် ရေဘေးကြုံတွေ့နေသူများ (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))

မကွေးတိုင်းစေတုတ္တရာ မြို့နယ်ရှိ ရေဘေးသင့်ကျေးရွာ ၂၈ရွာအား ပြန်လည်ထူထောင် ရေးလုပ်ငန်းများ ဆောင်ရွက်နိုင် ရန်အတွက် ကျပ်သိန်း ၃,၄၀၀ ကျော် ထောက်ပံ့သွားမည်ဖြစ် ကြောင်း တယ်လီနောမြန်မာက သတင်းထုတ်ပြန်သည်။တယ်လီနောမြန်မာအနေ ဖြင့် ရေဘေးသင့်ဒေသများအ တွက် ထောက်ပံ့ငွေကို ပြည်တွင်း ၌ အရေးပေါ်ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း များဆောင်ရွက်နေသည့် NGO အဖွဲ့တစ်ခုဖြစ်သော Network Activities Group (NAG) အား လှူဒါန်းသွားမည်ဖြစ်သည်။

‘‘ကျွန်တော်တို့ဟာ သဘာဝ ဘေးခံဒေသတွေမှာ ကယ်ဆယ် ရေး၊ ရေနဲ့ သန့်ရှင်းရေးလုပ်ငန်း တွေ ဆောင်ရွက်ပြီးဖြစ်တဲ့အ တွက် အခုက ဒေသခံတွေရဲ့ စား ၀တ်နေရေးနဲ့ အခြေခံအဆောက်အအုံပိုင်းတွေ ပြန်အဆင်ပြေလာ ဖို့အတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို ဆောင်ရွက်သွား မှာဖြစ်ပါတယ်’’ဟု Network Activities Group(NAG)မှ စီမံခန့် ခွဲရေးအရာရှိ ဦးရင်ငြိမ်းကပြော သည်။

ပြန်လည်ထူထောင်ရေးလုပ် ငန်းများဆောင်ရွက်ရာတွင် စေတု တ္တရာမြို့နယ်အတွင်း ကျေးရွာ ပေါင်း ၂၈ရွာတွင်ရှိသော တောင် သူလယ်သမား ၈၄၀၊ မြေနေရာ မရှိတော့သည့် မိသားစု ၂,၈၀၀နှင့် အန္တရာယ်ကျရောက်နိုင်သေးဖွယ် ရှိသော မိသားစု ၁၉၆စုတို့အ တွက် အစီအစဉ်များရေးဆွဲကာ အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်းသိရသည်။

တယ်လီနောမှ ထောက်ပံ့ ပေးလိုက်သည့် မြန်မာငွေကျပ် ၃,၄၃၈ သိန်းကို ကောက်ပဲသီးနှံ များ ပြန်လည် စိုက်ပျိုးရန် မျိုးစေ့ များ၊ လယ်ယာစိုက်ပျိုးရေး လုပ် ငန်းသုံးပစ္စည်းများ၊ မွေးမြူရေး တိရစ္ဆာန်များပြန်လည်ချထားပေး ရန်နှင့် လယ်ယာမြေများ၊ တူး မြောင်းများ၊ လူသွားလမ်းများပြန် လည်ပြုပြင်ရန် သဘာဝဘေးအန္တ ရာယ်ကြိုတင်ပြင်ဆင်မှုသင်တန်း များနှင့် လယ်ယာစိုက်ပျိုးရေးနည်း ပညာသစ်များ သင်ကြားပေးနိုင် ရန် အသုံးပြုသွားမည်ဖြစ်သည်။

7Day Daily

0 comments:

Post a Comment