အနုပညာအလုပ်တွေကို ၂နှစ်ကြာနားထားခဲ့ပြီး စီးပွားရေးလုပ်ငန်းတွေသာ လုပ်ဖြစ်နေတဲ့ နဝရတ်ကို သူ့ရဲ့ငွေလမင်းရုပ်ရှင်ထုတ် လုပ်ရေး နဲ့ မလေးရှားနိုင်ငံရှိ Shine Entertainment ကုမ္ပဏီတို့ ပူးပေါင်းရိုက်ကူးတဲ့ ‘မဟာဆန်တဲ့ မာယာမျက်နှာဖုံး’ ရုပ်ရှင်ဇာတ် ကား ပရက်ရှိုးမှာ တွေ့ခဲ့ရပါတယ်။ ဇာတ်ကား ရိုက်နားတဲ့အချိန်မှာ စီးပွားရေးဘက်ကို အချိန်ပေး ဖြစ်ကြောင်းကိုတော့ နဝရတ်က “T8 Beauty Saloon ကနေSpa နဲ့ မျက်နှာရော၊ ခန္ဓာကိုယ်၊ လက်သည်း ခြေသည်းအစ အကုန်ဝန်ဆောင်မှုတွေ ထပ်လုပ်ပေးဖို့ အဲဒီအတွက် နည်းနည်း run နေရတယ်။ အဲဒါက ရင်းနှီးမြှုပ် နှံမှုပိုများတယ်။ ဆံပင်ညှပ်တာက ကပ်ကြေးတစ်ချောင်းနဲ့ လုပ်လို့ရသေးတယ်။Spa ကျတော့ ပေါင်းအိုးတွေရော အခြားပစ္စည်းတွေရော အများကြီး ရင်းထားရတယ်။ ‘မဟာဆန်တဲ့ မာယာမျက်နှာဖုံး’ ရိုက် ပြီးကတည်းက နားလိုက်ပြီး ဆိုင်ဘက်ကိုလှည့်ပြီးသေချာလေး လုပ်နေ တာပါ” လို့ ပြောပါတယ်။ နဝရတ်က ဒီရုပ်ရှင်ဇာတ်ကားထဲမှာ မြန်မာနိုင်ငံက နေ အလုပ်သွားလုပ်တဲ့သူအဖြစ် သဘာဝကျစွာနဲ့ သရုပ်ဆောင်ခဲ့ပြီး ဒီဇာတ်ကား ကို မလေးရှားနိုင်ငံမှာ သွားရောက်ရိုက်ကူးခဲ့တာဖြစ် ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားရိုက်ကူးတာ တအားrelax ဖြစ်ပြီး ပျော်ရွှင်ခဲ့ရကြောင်းပြော တဲ့ နဝရတ်က “ဒီဇာတ်ကားကို ရိုက်ရတာ ပင်ပန်းတယ်လို့ မထင်ဘူး။ အိုက် တင်လုပ်ရတာကို မကြောက်ဘူး။ နဝရတ်ကြောက်တာက မိတ်ကပ်တွေလိမ်းရ မှာကို ကြောက်တာ။ အဲဒီဇာတ် ကားရိုက်တုန်းက မိတ်ကပ်လည်း လိမ်းစရာမလိုဘူး။ လှ စရာလည်း မလိုဘူး။ ပင်ပန်းတယ်လို့ မထင်ဘူး။ တအားလွတ် လပ်ပေါ့ပါးတယ်။ တအားပျော်တယ်။ ဖိုက်တင်ထိုးတဲ့ အခန်းတွေဆိုပျော်တယ်။ သူတို့ အခန်းတွေရိုက် နေရင် ကိုယ်တွေ ရိုက်စရာမလို ဘူး။ မု(ဒ်)မထည့်ရတော့ လျှောက်ဆော့ကြတယ်” လို့ အမှတ်တရတွေကိုပြောပါတယ်။ မလေးရှားနိုင်ငံမှာ ဒုက္ခရောက်နေကြတဲ့ မြန်မာအ လုပ်သမားတွေရဲ့ အကြောင်းကို မြန်မာပရိသတ်တွေ သိရှိစေချင်တဲ့အတွက် ဒီဇာတ် ကားကို အကုန်အကျခံရိုက်ကူး ခဲ့ခြင်းဖြစ်ကြောင်း နဝရတ်က ပြောပါတယ်။ ဒီရုပ်ရှင် ဇာတ်ကားကို မလေးရှားနိုင်ငံမှ ဒါရိုက်တာ၊ ရိုက်ကူးရေးအဖွဲ့သားများနဲ့ ရိုက်ကူးတဲ့ အခါမှာ မြန်မာနိုင်ငံမှရိုက်ကူးရေးအဖွဲ့များနဲ့ ကွာခြားချက်များနဲ့ပတ်သက်ပြီး နဝရတ်က
“ပညာပိုင်းဆိုင်ရာတွေတော့ ပိုကောင်းမယ်ထင်တယ်။ အသံတွေပါလို့ ခဏခဏ ပြန်ရိုက်ရတယ်။ ငှက်အော်တဲ့အသံ။ ကားသံတို့ ပါသွားလည်းမရ ဘူး။ကိုယ်ကမောလို့ သက်ပြင်းလေးချတဲ့အသံပါလည်းပြန်ရိုက်ရတယ်။ ဆံပင် နဲ့ထိလည်း ပြန်ရိုက်ရတယ်။ ဒီမှာတော့ ဘာသံပါပါ ရိုက်လို့ရတယ်” လို့ ကွာ ခြားမှုကို ပြောပါတယ်။ ဒီဇာတ်ကားကြီး အပြည့်အဝကြိုးစားခဲ့တဲ့အတွက် သူ့ရဲ့ကြိုးစားမှုတွေကို ပရိသတ်ကအသိအမှတ်ပြုရင်ကျေနပ်ပြီဖြစ်ပြီး အကယ်ဒမီ ကိုတော့ မမျှော်မှန်းကြောင်း နဝရတ်ကပြောပါတယ်။ ဇာတ်ကားကောင်းဖို့အ တွက် အကုန်အကျခံကာ ထုတ်လုပ်ရိုက်ကူးခဲ့တာကြောင့် သူထုတ်လုပ်ခဲ့တဲ့ ရုပ်ရှင် ဇာတ်ကားတွေကအရှုံးတွေပေါ်ခဲ့ခြင်းဖြစ်ကြောင်ြးေ ပာပါတယ်။
“နဝရတ်ဇာတ်ကားတွေက ကိုယ်ပိုင်ထုတ်လုပ်ရေးနဲ့ ရိုက်ပြီးအရှုံးခံထုတ်တဲ့ အတွက် ဇာတ်ကားတွေကောင်းနေတာပါ။ သူများရိုက်တဲ့ ဇာတ်ကားတွေဆို ဂျီးများ နေတာနဲ့ အဆင်မပြေတာများတယ်။ အမေက “ကိုယ့်ကုမ္ပဏီကရိုက်မယ်။ ဒါပေ မဲ့ ကိုယ့်စိတ်ကြိုက် ရိုက်ရ မယ်” ဆိုပြီး အရှုံးခံထုတ်ခဲ့တာပါ။ တိမ်မင်းသမီးတို့၊ မွေခံထိုက်သူတို့ဆိုရင် ရှုံးတယ်လေ။ နဝရတ်ဆိုရင် သိန်း ၃ဝဝဝ၊ ၄ဝဝဝ လောက်က အခုထက်ထိ ပိုက်ဆံတွေက ဒီဘက်ကရှာ၊ ဟိုဘက်ကထွက်နဲ့။ အမေခဏလောက်နားလိုက်ဦး၊ ဒီဘက်မှာ အလုပ်လေးလုပ်လိုက်ဦး မယ်ဆိုပြီး မေမြို့မှာ အိမ်လေးပေးဆောက်ပြီး ၆လ၊ ၁နှစ်လောက်ပေးနားတယ်။ အခုဆို ရင် အမေလည်း တော်တော်အမြင်မှန်ရနေပြီ။ ကားကြီးရိုက်ပြီး အမြင်မှန်ရနေ တော့ ပိုက်ဆံတွေ မကုန်တော့ဘူးပေါ့” လို့ ရယ်မောစွာ ပြောပြခဲ့ပါတယ်။
နဝရတ်အနေနဲ့ အနုပညာ လောကထဲကို ပြန်လည်ဝင်ရောက်ဖို့ ရှိဦးမလားလို့ မေးတော့ “အခုတော့ နည်းနည်းလေးနားလိုက်ပါဦးမယ်။ နဝရတ်စိတ်ပါမှ ဘာမဆို လုပ်တယ်။ စိတ်မပါရင်တော့ဘာမှမလုပ်ချင်ဘူး။ကိုယ့်ပရိသတ်က ကိုယ့်ဘက် မှာရှိပြီးသားပဲ။ ဘယ်ကားရိုက် ရိုက် အနုပညာဆိုတာမတိမ်ကောဘူး။ အသက် အရွယ်နဲ့လည်းမဆိုင်ဘူး။ ကိုယ်နဲ့လိုက်တဲ့ ဇာတ်ဆိုရင် ဘယ်အချိန် မဆို ပရိသတ်ရှေ့ မှာချပြလို့ရတယ်ဆိုတာသိနေတယ်။ အဲဒီ လျှို့ဝှက်ချက်ကို လည်း သိနေတယ်။ ဒါပေမဲ့လည်း နားလို့မဝသေးဘူး။ စီးပွားရေးဘက်ကို run လိုက်ပါဦးမယ်။ နောက်တော့မှ စိတ်ပါလက်ပါ စိတ်ချမ်းသာစွာနဲ့ အနုပညာ လောကထဲကို ပြန်ဝင်ပါမယ်” လို့ ပြောပါတယ်။
ခိုင်ဝေလွင်
Popular Journal
0 comments:
Post a Comment