Monday, October 12, 2015

မျိုးစောင့် ဥပဒေကို ထောက်ခံကြောင်း ဒေါက်တာ နေဇင်လတ်ဆို


အမျိုးသား တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာနေဇင်လတ် (ယခင်သမ္မတ အကြံပေး)က မျိုးစောင့်ဥပဒေကို ၄င်းတို့ ပါတီအနေဖြင့် ထောက်ခံကြောင်း မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ပါတီကိုယ်စားလှယ်လောင်းများ မိတ်ဆက်ခြင်းနှင့် အခမ်းအနားတွင် တရားဝင် ထုတ်ဖော်ပြောဆိုလိုက်သည်။ဒေါက်တာ နေဇင်လတ်က“ကျနော်တို့ အမျိုးစောင့် ဥပဒေကို ပြတ်ပြတ်သား သား ထောက်ခံပါတယ်။ တခြားနိုင်ငံကို ကြည့်မယ်ဆိုရင် သူ့နိုင်ငံ သူ့အကျိုး စီးပွား အပေါ်မှာ ရပ်တည်နေတာ ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့နိုင်ငံက လည်း အမျိုးသား အကျိုးစီးပွား၊ အမျိုးဘာသာသာသနာအပေါ်မှာ မရပ်တည်ရဲ စရာ ဘာမှမရှိပါဘူး”ဟု ပြောသည်။

မျိုးစောင့်ဥပဒေများတွင် ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းနှင့် ဆိုင်ရာ ဥပဒေ၊ တလင် တမယားစနစ် ကျင့်သုံးရေး ဆိုင်ရာ ဥပဒေ၊ လက်ထပ် ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေနှင့် လူဦးရေတိုး ပွားနှုန်းထိန်းညှိရေးဆိုင်ရာ ဥပဒေတို့ ပါဝင်သည်။

ဒေါက်တာ နေဇင်လတ်က ၄င်းတို့ပါတီအနေဖြင့် လွှတ်တော်ထဲသို့ ကိုယ်စား လှယ်လောင်းများ ရောက်ရှိသွားလျှင် ရဟန်းသံဃာတော်များ မည်သည့် အတွက်ကြောင့် မဲပေးခွင့်မရှိသည် ကို မေးခွန်းထုတ်သွားမည် ဟု ပြောဆို ခဲ့ကြောင်း သိရသည်။


သတင်းနှင့် ဓာတ်ပုံ - ဟေမာနွန်
ဧရာဝတီ

0 comments:

Post a Comment