Sunday, October 11, 2015

တပ်အတွင်း မဲရုံများ လေ့လာစောင့်ကြည့်ခွင့်ရမည်ဟု ရန်ကုန်တိုင်း ကော်မရှင်ပြောကြား

လာမည့်နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲ ၌ တပ်တွင်းရှိ မဲရုံများကို လေ့လာ စောင့်ကြည့်ခွင့် ရရှိမည်ဖြစ် ကြောင်း ရန်ကုန်ုတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ထံမှ သတင်းရရှိသည်။

တပ်တွင်းမဲရုံများကို သတင်းမီဒီယာများ၊ လွှတ်တော်ကိုယ်စား လှယ်လောင်းများနှင့် ရွေးကောက် ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့ များကို လေ့လာခွင့်ပြုမည် ဟု ရန်ကုန်တိုင်း ဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကိုကိုက ပြောသည်။‘‘တပ်တွင်း မဲရုံတွေကို လေ့ လာခွင့်ပြုမှာပါ။ ဒါပေမဲ့ လုံခြုံရေး အရ သွားခွင့်မရှိတဲ့နေရာတွေ တော့ သွားလို့မရဘူး’’ဟု ဦးကိုကို က ဆိုသည်။

တပ်တွင်းတွင် မဲရုံဖွင့်ပါက မဲရုံများသို့လာရောက်မည့် လွှတ် တော်ကိုယ်စားလှယ်လောင်းများ၊ မဲရုံကိုယ်စားလှယ်များ၊ မီဒီယာ များ၊ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာရေးအဖွဲ့များ၊ လေ့လာ လိုသော လုပ်သားပြည်သူများကို လာရောက်ခွင့်ပြုရမည်ဖြစ် ကြောင်း ပြီးခဲ့သည့် ဇွန်လအတွင်း က ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံရာ တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ဆွေးနွေးခဲ့သည်။

တပ်တွင်းမဲရုံများနှင့် ပတ် သက်၍ တပ်တွင်းလုံခြုံရေးအရ သွားရောက်ခွင့်မပြုနိုင်သည့်နေ ရာများကို ကန့်သတ်ထားနိုင် ကြောင်း၊ လုံခြုံရေးအရ တပ်တွင်း သို့ဝင်ရောက်ခွင့်မပြုနိုင်ပါက မဲရုံ များကို တပ်ပြင်ပ(သို့မဟုတ်)ရပ် ကွက်၊ ကျေးရွာအုပ်စုမဲရုံများတွင် မဲပေးရမည်ဖြစ်ကြောင်း၊ တပ် တွင်းရှိ တပ်မတော်သားများနှင့် မိသားစုဝင်များသည် ယင်းမဲရုံ များသို့ ကိုယ်တိုင်သွားရောက်မဲ ပေးရမည်ဖြစ်ကြောင်း ပြည် ထောင်စုရွေးကောက်ပွဲကော်မ ရှင်မှ သိရသည်။

တပ်များရှိသည့်နေရာတွင် မဲရုံများကို တပ်ထဲတွင် မထားရန် နှင့်ထားရှိမည်ဆိုပါကလည်း မဲရုံ များကို လွတ်လွတ်လပ်လပ်လေ့ လာခွင့်ပြုရေးအတွက် ပြည် ထောင်စု ရွေးကောက်ပွဲကော် မရှင်ထံ တင်ပြဖူးကြောင်း ကယန်းအမျိုးသားပါတီ အထွေထွေအ တွင်းရေးမှူး ဦးနန်းရီက ပြော ကြားသည်။

တပ်ထဲက သူတွေကိုလည်း နီးစပ်ရာမဲရုံတွေမှာ မဲပေးနိုင်ဖို့ တင်ပြထားတယ်။ အကယ်၍ မ ဖြစ်ရင်လည်း လေ့လာသူတွေကို လွတ်လွတ်လပ်လပ်လေ့လာခွင့် ပေးဖို့။ ဘာပဲပြောပြောလေ့လာ ခွင့်ပေးတယ်ဆိုရင်တောင် တပ် အဝန်းအဝိုင်းထဲမှာရှိနေတော့ နည်းနည်းတော့ မလွတ်လပ်ဘူး ပေါ့’’ဟု ၎င်းက ပြောသည်။

မဲရုံများကို လေ့လာခွင့်ပြု ခြင်းသည် ရွေးကောက်ပွဲလွတ် လပ်ပြီး တရားမျှတမှုရှိရေးအ တွက် အထောက်အကူဖြစ်သည့် အပြင် ရွေးကောက်ပွဲသည် ပွင့် လင်းမြင်သာမှုရှိ၊ မရှိကိုလည်း ဆုံး ဖြတ်နိုင်သည်ဟု နိုင်ငံရေးပါတီ ခေါင်းဆောင်များက ပြောကြ သည်။

7Day Daily

0 comments:

Post a Comment